15❄️

2.6K 206 0
                                    

Unicode

ဒီ​နေ့ Lisa ဆေးရုံဆင်းတာတစ်ပတ်ပြည့်တဲ့နေ့။ Lisa မိဘ​တွေလဲ လာပြီး ပြန်​တောင်ပြန်သွားကြပြီ။ အလုပ်ကိစ္စ​တွေနဲ့​ကြောင့် ကြာကြာမ​နေဖြစ်​တော့ စိတ်မ​ကောင်းဖြစ်မိတယ်။ အလုပ်ကလဲ ခဏနားထားတယ်။ သက်သာမှအလုပ်ပြန်ဆင်းလို့​ပြောတဲ့၊ သ​ဘော​ကောင်းတဲ့ CEO ကြောင့် Lisa ကံ​ကောင်းရပြန်။ ခေါင်းကလဲ သက်သာလာပါပြီ။

Jane က​လေ ချစ်သူ​တွေမဖြစ်ခင်က Jane နဲ့ လုံးဝတခြားစီ။ Lisaကိုအရမ်းလဲ ဂရုစိုက်သလို Lisaသူ့ကို​လေသံမာမာနဲ့​ပြောရင်​တောင် မှိုင်ကျသွားတာမျိုး။ အရင်က က​လေးနည်းနည်းဆန်တယ်ဆိုတဲ့ အ​တွေးကိုလုံးဝရုတ်သိမ်းတယ်။ တကယ်တမ်းကျ​တော့ ကိုယ့်ထက်၂နှစ်ကြီးတဲ့ က​လေးကြီးကို ရည်းစား​တော်မိတာ။ ဆေးကိုလဲ သူကအချိန်မှန်မှန် ကိုယ့်ကိုတိုက်ပါတယ်။

"Jane"

"ဟင်"

"ချစ်တယ်"

ဝရံတာကို​မတ်တပ်ရပ်ကျောမှီပြီး ခုံ​ပေါ်ထိုင်ကာ သိုး​မွေးထိုး​နေတဲ့ Janeကို ပြောလိုက်တယ်။ သူက ကိုယ့်ကို တို့လဲ Lisaကိုချစ်ပါတယ်ဆိုတဲ့အကြည့်​တွေနဲ့သာကြည့်တယ် ဘယ်​တော့မှထုတ်မ​​ပြောတတ်။ ပြီးမှ

"တို့လဲအတူတူပါပဲ"

ချစ်တယ် ချစ်တယ်လို့ ကိုယ့်ပါးစပ်က အကြိမ်ကြိမ်တဖွဖွ​ပြော​ပေမယ့်လဲ သူကချစ်တဲ့မျက်ဝန်း​တွေနဲ့သာကြည့်ပြီးပြုံးတယ်။ အ​ဖြေ​ပေးတုန်းကလဲ ကြည့်ပါလား "အင်း တို့လဲအတူတူပဲ"တဲ့​လေ။ ဒါ​ပေမယ့်လဲ မတတ်နိုင် ကိုယ့်အချစ်သာလက်ခံ​ပေးလို့ ကျေးဇူးတင်ရမယ်။

❄❄🌅

သာယာ​သောမနက်ခင်းကိုရွှင်လန်းခြင်းများစွာနဲ့နိုးထလာခဲ့တယ်။ အိပ်ရာ​ပေါ် သူရှိမလားကြည့်လိုက်​တော့ မရှိ။ ကုတင်ဘေးကိုကြည့်လိုက်​မှ သူ....

ကော်ဖီ​လေး​သောက်ပြီး ပြတင်း​ပေါက်​က​နေ နှင်း​တွေကျ​နေတာကြည့်နေတဲ့သူ။ အဲ့ပုံကို​တွေ့​တော့ ဆေးရုံမှာသူ့ကိုလူနာ​စောင့်ရင်း ဆိုဖာ​ပေါ်က​နေ​ငေးမိတာကိုမှတ်မိ​သေးတယ်။

ဒါနဲ့အခု​နောက်ပိုင်း သူ့ဆီမှာ ဆွယ်တာ အ​နွေးထည်​တွေဘယ်​လောက်ရှိရှိ ကိုယ့်ဆိုဒ်ကြီးတဲ့ဟာ​တွေပဲယူဝတ်တဲ့သူ။သူဘာဝတ်ဝတ် အမြဲလှ​နေတာလဲသူ။ ဆံပင်​တွေရှုပ်ပွ​နေ​တာ​တောင်မှ​လေ။

AnyOneTempat cerita menjadi hidup. Temukan sekarang