ep(20)🍁

733 41 0
                                    

မြင့်မြတ်တဲ့နှင်းတောင်ဆီရောက်တော့
စိမ်းစိုနေတဲ့ မြက်ခင်းတွေက အနည်းငယ် အရောင်မှိန်စပြုနေသည်။
ဝေ့ရင်း သူ့ရဲ့အင်းပျံပေါ်ကဆင်းလိုက်ရုံရှိသေးတယ် သူ့ရဲ့နောက်ကျောဆီမှ စူးခနဲ နာကျင်သွားခဲ့တယ်။

''အာ့....''
'နာတယ်အရမ်း....'

ဝေ့ရင်းရဲ့ကိုယ်ထဲက အနက်ရောင်မရဏစွမ်းအင်လှိုင်းတွေက နိုးထလာခဲ့သည်မဟုတ်လား။

ထိုအချိန် ဝေ့ရင်းအနီးနားရောက်လာခဲ့တဲ့ လန်ကျန့်....
''ဝေ့ရင်း....မင်းအဆင်ပြေရဲ့လား...''

''လန်ကျန့် ငါ့အနားမလာခဲ့နဲ့...
ဘာပဲဖြစ်ဖြစ်.... ငါရဲ့လုပ်ရပ်ကို မင်းအပြစ်မတင်ရဘူး...ငါခိုင်းသလိုလုပ်ပေးပါ။''

''ကောင်းပြီ ကိုယ်နာခံမယ်....ဝေ့ရင်း''

''အင်း....ရပြီ လန်ကျန့် မင်းရဲ့လက်ထဲက
ဓား ငါ့ဆီပေး....'

လန်ကျန့်ရဲ့မျက်ဝန်းတွေက မင်းဘာလုပ်မလဲ ကိုယ်သိချင်တယ်လို့ ဆိုနေသလို...အနည်းငယ် စိုးရိမ်နေပြန်သည်။

လန်ကျန့်လဲ သူ့လက်ထဲက လောကရဲ့ကယ်တင်ခြင်းဓားကို ဝေ့ရင်းလက်ထဲလွှဲပေးလိုက်တော့တယ်။

အဲ့ဒီနောက် ဝေ့ရင်းလည်း သူ့ရဲ့လက်ထဲက နောက်ထပ်ဓားနဲ့ပေါင်းစည်းလိုက်ကာ...ပေါင်းစည်းခြင်းဓားက အသက်ဝင်ရန် သန့်စင်တဲ့စင်ကြယ်ခြင်းသွေးတို့ စွန်းထင်းရန်သာ ကျန်တော့သည်။

''လန်ကျန့်.....ငါ့ကိုခွင့်ပြုပါ ငါအရမ်းအိပ်ချင်နေပြီ...ပြီးတော့ ငါ့ကိုဒီကနေခေါ်သွားပေးပါ။''

''အင်း....ကိုယ်နားလည်တယ် ဝေ့ရင်း။''

နှင်းတောင်ရဲ့ ဂူအတွင်းဆီသို့ လန်ကျန့်ဝေ့ရင်းရဲ့ကိုယ်လေးကို ပွေ့ချီသွားလေသည်။

''မနက်ဖြန် လပြည့်မယ် ဝေ့ရင်း....
ဒီညအိပ်ပျော်အောင် အိပ်လိုက်ပါ။
ကိုယ်အနားမှာစောင့်နေပေးမယ်။''

''ဟင်အင်း....မင်းပါအိပ်ရမယ် လန်ကျန့်
မဟုတ်ရင်ငါစိတ်မချဘူး။''

''ကောင်းပြီ.....''

လန်ကျန့်ကို အိပ်ပျော်သွားအောင် ဝေ့ရင်းဘက်က သိမ်းသွင်းနိုင်ခဲ့ပြန်တော့
သူ့ဆရာ တိတ်တဆိတ်ပေးထါးတဲ့ဆေးလုံးကိုထုတ်ကာ ဝေ့ရင်းသောက်ချလိုက်တော့သည်။

3life 3world loveWhere stories live. Discover now