ကျင့်ကြံသူတောင်ကို ညခရီးဆက်သွားတဲ့
လန်ကျန့်နဲ့ချောင်ဟာ ခုဆိုရင် တောင်ခြေရွာငယ်လေးရှိရာဆီပင် ခရီးဝင်လာခဲ့လေပြီ။မနက် အာရုံတက်သည့်အချိန် ဝေတီဝေလင်းပေါ့...ဝေ့ရင်နဲ့ ကိုယ်ရံတော် နှစ်ယောက်သည်လည်း နန်းတော်ရှိရာပြန်ခဲ့ကြတဲ့အတွက်
တောအုပ်လေးက အထီးကျန်ပြီး တိတ်ဆိတ်သွားပြန်တယ်။''စုန်နဲ့ချန် ဒီနေ့ကိစ္စကို ခမည်းတော်မသိစေနဲ့ ငါပင်ပန်းနေပြီအရမ်း..မင်းတို့လည်းပြန်နားကြတော့။''
နန်းဆောင်ထဲဝင်သွားတဲ့ ဝေ့ရင်းဟာ ဝမ်းနည်းစိတ်တွေကို ဟန်ဆောင်ထားရ၍
ပင်ပန်းသလိုဖြစ်ရခြင်းမျိုး...
'ငါက ရှောင်းလေး..ဝေ့ရင်းဆိုကိုတာ မှတ်မိသွားပေမဲ့ လန်ကျန့်ကရော..'
အတွေးတွေနဲ့အိပ်ယာထက်မှာ အိပ်မပျော်နိုင်သူ။ကျင့်ကြံသူတောင်တော်မှာတော့..
မိစ္ဆာမတွေရဲ့ အဆိပ်ညှို့ကွင်းကြီးက အခိုးအငွေ့တွေအဖြစ်တောင်တော်တခုလုံးကို လွှမ်းခြုံထားရှာတယ်။လန်ကျန့်နဲ့ချောင်ဟာ ရွာစပ်ရဲ့ကင်းမျှော်စင်ကနေ ကျင့်ကြံသူတောင်တော်ရှိရာဆီ လှမ်းမျှော်ကြည့်ရင်း...
''ချောင်..တောင်တော်အပေါ်မှာ မိစ္ဆာမတွေကြိုရောက်နေပြီ ရွာထဲကလူတွေကို အိမ်ထဲကအိမ်ပြင်မထွက်ရလေအောင် ရွာလူကြီးဆီသတင်းပို့လိုက်။
ငါ သွားနှင့်မယ် မှန်တချပ်ရှာပြီး ငါ့နောက်ကလိုက်ခဲ့ချောင်။''''ဟုတ်...အိမ်ရှေ့စံ..''
ဝါးပင်တွေအစီအရီစိုက်ပျိုးထားတဲ့တောင်တက်လမ်းဟာ မြူခိုးတွေနဲ့ အဝေးကိုလှမ်းမမြင်နိုင်ပေ။
အဖြူရောင်အရိပ်လေးဟာ ထိုမြူတွေကြား တိုးဝင်သွားတဲ့နောက်...
တောင်တော်ပေါ်က ရယ်သံများက ကျယ်လောင်စွာထွက်ပေါ်လာပြန်ရော...''အမတော်..သိပ်ချိုတဲ့ သွေးရနံ့တွေရနေတယ်..ခစ်ခစ်ခစ်.. ''
''နောက်ဆုံးတော့ အလင်းသခင်ရဲ့ သွေးချိုချိုနဲ့ စားရတော့မဲ့ပုံပဲ..'
''ဟားဟားဟားဟား..''''ခုဆိုရင် စိတ်ညှို့စက်ကွင်းလေးက အသက်ဝင်ခဲ့ပြီ ညီမတော်တို့...လာကြ အနားကို လာကြ..''
VOCÊ ESTÁ LENDO
3life 3world love
Ficção Históricaမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။