ep(3)🍁

1.8K 114 4
                                    

ကျင့်စီဟုန်.. ထိုအရက်ဆိုင်ထဲမှ ငွေရှင်းပြီး
ထွက်သွားတာကြောင့်..အမှုလိုက်စုံစမ်းရေးမှူးလဲ သူ့ရဲ့လူတချို့ကို နောက်ယောင်ခံလိုက်ခိုင်းတော့တယ်။

အနက်ရောင်ဝတ် လူတွေနဲ့ လမ်းချိုးတစ်ခုမှာ စကားပြောနေတဲ့ ကျင့်စီဟုန်ကို အကွယ်ကချောင်းကြည့်နေတဲ့ နောက်ယောင်ခံ
လူနှစ်ယောက်။

"ဒုခေါင်းဆောင်..ကျွန်တော်တို့ သေချာရှာပြီးပါပြီ..သခင်ကြီးက မြို့ပြင်က တောစပ်မှာခေါင်းပြတ်နေတဲ့အလောင်းပဲ..
သခင်လေးကိုတော့ ရှာမတွေ့သေးဘူး
ဘယ်လိုလုပ်ရမလဲ။"

"ဒီကြားထဲမင်းတို့ရဲ့ လှုပ်ရှားမှုတွေ ခဏရပ်ထားရလိမ့်မယ်။ငါပြောတာကြားကြလား..ပြီးတော့
ဂိုဏ်းသားတွေ အဝင်အထွက်ကိုသေချာစောင့်ကြည့်ထား..လူစိမ်းတွေဆိုရင် ငါမသိပဲ မဝင်စေနဲ့ ရပြီ မင်းတို့လူစုခွဲကြတော့။"

ကျင့်စီဟုန်ရဲ့ စကားကို ဘာမှမတုန့်ပြန်ကြပဲ..အလျှိုလျှို ထွက်ခွာသွားကြတဲ့ ဂိုဏ်းသားများ။

နဂါးနန်းတော်မှာတော့..ရှောင်းရူကဲလ် လေး.. ဖုန်းချင့်ရဲ့ အကြောင်းကို သူ့အဖေဖြစ်တဲ့ နဂါးမင်းကြီးထံ သွားလျှောက်တင်ပါရော..
"ခမည်းတော်.. သားတော်ရဲ့အဆောင်မှာ
လူသားတစ်ယောက်ကို ကယ်တင်ထားကြောင်းပါ။"
"ပြီးတော့ သူက ထူးခြားတဲ့အသွင်အပြင်ရှိတယ်။နှင်းဖြူပန်း..ဒါမှမဟုတ်ရင် နှင်းကြာပန် သူ့ရဲ့ပုခုံးထက်မှာ တံဆိပ်ရိုက်နှက်ထားတယ် ခမည်းတော်။
ပြီးတော့..ဒီဓားကို ကိုင်ဆောင်ထားတာ မနည်းချွတ်ယူလာခဲ့ရတာ။"

ရှောင်းရူကဲလ်ရဲ့ လက်ထဲက မှော်ဓားကိုမြင်ပြီး..နဂါးမင်းကြီး မျက်လုံးပြူးမိခဲတယ်။

"သားတော်..ဒီဓားကို ကိုင်နိုင်တဲ့သူ ရှားတယ်..နတ်ဓားကို ကျင့်ကြံသူတွေတောင်
ကိုင်ခွင့်မရှိဘူး..သူအခုဘယ်မှာလဲ..
ခမည်းတော်သူနဲ့ တွေ့ချင်တယ်.."

"အားရိုး..လေးလိုက်တဲ့ ဓားပဲ.."
စားပွဲပေါ် တင်လိုက်ပြီး..
"ခမည်းတော် သူကအခုနေမကောင်းဖြစ်နေလို့ သမားတော်တွေဆေးကုပေးနေကြတယ်။
သူကျန်းမာလာရင် ခမည်းတော်ဆီ လာတွေ့ခိုင်းလိုက်ပါ့မယ်။"

3life 3world loveOnde histórias criam vida. Descubra agora