ကျောင်းထိုင်ဆရာတော်ကြီးဟာ...သူ့ရှေ့ကဒူးထောက်နေကြသည့် တပည့်နှစ်ယောက်ကို လောကရဲ့ကယ်တင်ခြင်း ဓားနှစ်လက်ကို ပေးအပ်လိုက်လေသည်။(စင်ကြယ်ခြင်းသွေးနဲ့ အသုံးပြုပြီး မိစ္ဆာနှိမ်နှင်းရန်)
ထို့နောက်...အနာဂတ်မှာ ကောင်းကောင်းမွန်မွန်နေထိုင်ရန်မှာကြားခဲ့လေတယ်။နေရပ်တွေဆီ ပြန်ခိုင်းကာ....နှစ်ထပ်နေ့ရဲ့
ပထမဦးဆုံး လပြည့်နေ့မှာ မိစ္ဆာ ဖမ်းဆီးရမယ်လို့ မိန့်မှာလိုက်တော့သည်။လန်ကျန့်ရဲ့ကိုယ်ရံတော် ချောင်သည်လည်း လန်မင်းကြီးရဲ့နာမကျန်းသတင်းကို လန်ကျန့်အားအကျိုးအကြောင်းရှောက်တင်ခဲ့တာမို့လန်ကျန့် ဝေ့ရင်းကိုနှုတ်မဆက်အားပဲ ဦးဆုံးထွက်ခွာခဲ့မိသည်။
စီးတော်မြင်းတွေနဲ့သူတို့နှစ်ယောက်ထွက်ခွာသွားသည်ကို ဝေ့ရင်း သိနေသည်..ဒါကြောင့် နှုတ်ဆက်စကားတခွန်းတလေတောင် ပြောမသွားတဲ့လန်ကျန့်ကြောင့် သူဝမ်းနည်းပြီးကျန်နေခဲ့ရပြန်တယ်။
စုန်နဲ့ချန်သည်လည်းပဲ ဝေ့ရင်းအနီးအနားရောက်လာကြကာ...''မင်းသားဝေ့ ပြန်ကြရအောင်...''
''ရှီဖော်....ဝေ့ရင်းတခုလောက်မေးခွင့်ရှိမလား။''
''ဘာများလည်း ဝေ့ရင်း....မေးခွင့်ရှိတယ်။''
''မိစ္ဆာဘုရင်ကို ဘယ်လိုသတ်ရမလဲဆိုတာပဲ ဝေ့ရင်းသိချင်တယ်။''
''အမှန်တော့ ဒီစကားကို ဒီအဘိုးကြီးကမပြောချင်ပေမဲ့.. ခုတော့ပြောရတော့မယ်ထင်တယ် ''
ခေါင်းတညိမ့်ညိမ့်ဖြင့်ဆိုလာသော ကျောင်းထိုင်ကြီး။''သားရဲတွေရဲ့ဘုရင်ဖြစ်တဲ့ နဂါးဖြူကပဲ
မိစ္ဆာဘုရင်ကိုနှိမ်နင်းနိုင်မယ်။
မီးငှက်ရဲ့ အမြူတေကို အဲ့ဒီသားရဲဘုရင်က စားသုံးထားမှ ပိုအစွမ်းကြီးလိမ့်မယ်။
တစုံတစ်ဦးကတော့ ပျောက်ကွယ်ရလိမ့်မယ် ဝေ့ရင်း။''ဝေ့ရင်းသိတယ် ဒီကံကြမ္မာကြီးက
သူတို့နှစ်ယောက်ကို လွယ်လွယ်နဲ့တွေ့ဆုံစေမှာမဟုတ်မှန်း...ခုတော့သူထင်ထားသလိုဖြစ်နေတဲ့အတွက် ရင်ထဲခံစားရပြန်ပြီ....သူကမီးဓာတ်ထိန်းသိမ်းတဲ့သူဆိုတော့ ဒီကံတရားကိုရှောင်လွှဲလို့မရပေ။စတေးခံရမဲ့သူက သူကိုယ်တိုင်ဖြစ်နေသည်မဟုတ်လား။
VOUS LISEZ
3life 3world love
Fiction Historiqueမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။