ep(10)🍁

1K 77 8
                                    

အိပ်ပျော်နေတဲ့ လန်ကျန့်ရှိရာဆီရောက်လာခဲ့တဲ့ အခိုးအငွေ့လေးတွေက ခရမ်းပြာရောင်လေးတွေပါ။
ဝေ့ရင်းရဲ့နဖူးပြင်ဆီက ထိုအငွေ့အသက်တွေ
ကထွက်ပေါ်လာခဲ့ပြီး ချစ်ရသူရှိတဲ့ဆီ ရောက်လာကြတဲ့ စိတ်ဝိညာဉ်။
အမှတ်အသားမှတ်ပေးသူရဲ့တည်နေရာကို
လိုက်လာတဲ့စိတ်ဝိညာဥ်ဟာ အနီရောင်ဝတ်စုံဖြင့်လှလှပပပေ။

လန်ကျန့်ရဲ့ အနားနားရပ်တန့်ကြည့်ရှု့နေပြီး အပြုံးတို့က ဖြူစင်မှုတွေနဲ့ ရိုးရှင်းနေပြန်တယ်။
'နောက်ဆုံးတော့ ငါမင်းကို ရှာတွေ့ပြီပဲ
လန်ကျန့်......ဒါပေမဲ့ ငါမင်းကိုချစ်လို့မရဘူး ချစ်ခွင့်မရှိတဲ့ ငါ့နှလုံးသားက
ကျိန်စာတွေနဲ့မို့.......ဘယ်လိုလုပ်ပြီးနီးစပ်ခွင့်ရှိနိုင်မလည်း။'

သူ့ရဲ့စိတ်ဝိညာဥ်က အချိန်ခဏသာအသုံးချခွင့်ရှိတဲ့အတွက် ထိုနေရာ၌
ကြာကြာနေ၍မရ......
ဝေ့ရင်း ခဏတာသာ လန်ကျန့်ရဲ့နဖူးပြင်လေးကို ကိုင်ကြည့်ပြီးအနမ်းတပွင့်ခြွေခဲ့ရတယ်...ပြီးတာနဲ့ခန္ဓာကိုယ်ရှိရာဆီပြန်သွားရတဲ့သူ။

နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့သူကတော့
မသိခဲ့ပါ...ထိုအနမ်းနဲ့ချစ်ရသူကို မမြင်တွေ့ခဲ့၍သာ.....

.
.
.
.
.
.

အိပ်ယာကနိုးထလာတဲ့ လန်ကျန့်......
''ဟွားးးးး''အပျင်းကြောဆန့်ရင်း...သူ့ရဲ့
အလှမွေးငှက်လေးကို ကြည့်ပြီး ပြုံးလာခဲ့တဲ့သူ။

''ဖန်ချင်းရီ....ချိုးရေအသင့်ဖြစ်ပြီလား။''

သူ့ရဲ့ဝေယျာဝစ္စတာဝန်ယူပေးရသည့်
ဖန်ချင်းရီခေါ် အထိန်းတော်မိန်းမစိုးကို
လန်ကျန့်မေးလိုက်ခြင်းပါ။

''ဟုတ်ကဲ့....အသင့်ဖြစ်ပါပြီ မင်းသားလေး။''

''ကောင်းပြီ ကိုယ်တော်ရေချိုးဆောင်ဝင်မယ်......မနက်စာအသင့်ပြင်ဆင်ထားလှည့်။''

''ဟုတ်.......''

ရေပူရေနွေးရဲ့အထိအတွေ့တို့က ဖြူစင်လှတဲ့ သူ့အသားအရည်တွေကို ဇီးပန်းပွင့်ဖတ်တွေနဲ့ ဆင်ယင်ပေးပြန်တော့ နွေးထွေးမှု့တို့နဲ့ဇိမ်ယူနေမိသည်။

ရေချိုးရင်း.....သူ့စိတ်ထဲဝင်လာသည်က
ရက်ပိုင်းအနည်းငယ်ကတွေ့ခဲ့ရသည့်ကောင်လေးရဲ့ပုံရိပ်တွေပဲ.....
'ဝေ့ရင်း.......မင်းမှမင်းပဲ ထင်တယ်။
ဒါပေမဲ့ ငါမှတ်ပေးခဲ့တဲ့အမှတ်အသားက အောက်နှုတ်ခမ်းက မှဲ့နက်လေးပဲဖြစ်မယ်။နဖူးပြင်ဆီကအမှတ်အသားက ငါမှတ်ပေးခဲ့တာမဟုတ်ဘူး။
တခုခုလွဲမှားနေတာများလား......'

3life 3world loveWhere stories live. Discover now