နန်းဆောင်လေးထဲ အစေခံများရဲ့မီးငြှိမ်းသတ်မှုကြောင့် မီးမလောင်ခင်ပဲ ရပ်တန့်သွားတော့တယ်..
နောက်..ကူးကူးလေးဆီမှ..
"ကောကောရှောင်း ကူးကူးခြေထောက်နာသွားပြီ ဟိုနားမှာ ခလုတ်တိုက်ပြီးလဲကျတာ.."
ချယ်ရီပင်ဘက် လက်ညှိုးလေးထိုးပြရင်း
ခြေထောက်နာတဲ့အကြောင်းပြောနေတဲ့ ညီမငယ်ကို ရှောင်းလေး ကုန်းပိုးပြီးစားပွဲရှိရာဆီ ပြန်ခေါ်လာတော့သည်။ကူးကူးလေးကိုပို့ပေးပြီးတာနဲ့ ဖုန်းချင့်ဆီပြန်သွားပြီး..
"မင်းကို ခမည်းေတာ်ကတွေ့ချင်လို့တဲ့..နဂါးနန်းဆောင်ဘက်ငါနဲ့လိုက်ခဲ့။"ခွန်လွန်တောင်စဥ်တွေထဲတည်ရှိတဲ့ နတ်နဂါးမျိုးနွယ်တွေ နေထိုင်တဲ့အထဲမှာ မီးနဂါးမျိုးနွယ်တွေလည်း ပါဝင်ခဲ့တယ်။
နဂါးမျိုးနွယ်စုပေါင်း လေးစုရှိပြီး မြေ၊ရေ၊လေ၊မီး ဟူ၍နဂါးမျိုးနွယ်လေးစုရှင်သန်နေထိုင်ခဲ့တယ်။ထိုအထဲမှာမှ မီးနဂါးမျိုးနွယ်ဝင်တွေဟာ
နဂါးမျိုးနွယ်စုထဲမှာ အင်အားအကြီးဆုံးဖြစ်ခဲ့ပြီး စွမ်းအားလည်းအရမ်းကြီးမားခဲ့တယ်။နဂါးမင်းဟာ လက်ရှိမှာ အတွင်းအားကျင့်စဥ်ပြောင်းလဲကျင့်ကြံနေသည့်အတွက် ခွန်လွန်ရဲ့ မှော်ဂူကြီးထဲမှာ ဂူပိတ်တရားကျင့်ကြံနေခဲ့ပြန်တယ်။
ဒါပေမဲ့ မှော်ဓားပိုင်ရှင်လေးနိုးလာရင် သူ့ကိုလာရှာဖို့ သားဖြစ်သူကို မှာကြားထားတဲ့အတွက် အခုခါ..
ရှောင်းလေးနဲ့အတူ ဖုန်းချင့်တို့နှစ်ဦးသား
မှော်ဂူကြီးရှိရာဆီ လှမ်းရှောက်လာကြခြင်းပေ။"မင်းနာမည်က.. ဘယ်လိုခေါ်လဲ.."
ရှောင်းလေးအမေးကြောင့်..
"ငါ့နာမည်.. ဖုန်းချင့်ချီ..မင်းကရော.""ရှောင်းရူကဲလ်.."
"ကူးကူးလေးက ရှောင်းလေးနဲ့ဘာတော်စပ်လဲ.."
"ညီမတော်စပ်တယ်..ဝမ်းကွဲညီမ.."
"အော်..ရှောင်းလေးရဲ့အသက်ကရော.."
"၁၀နှစ်ပြည့်ပြီးပြီ..အကိုဖုန်းကရော.."
"၁၅နှစ်.."
"ဟုတ်လား.."
"ဒါဆိုရင် ရှောင်းလေးထက်အသက်ကြီးတာပဲ။""ဟိုရှေ့နားဆိုရင်ရောက်ပြီ"
စကားပြောလာရင်းရှောက်လာလိုက်တာ
မှော်ဂူကြီးရှေ့တောင်ရောက်လို့လာလေပြီ
ESTÁS LEYENDO
3life 3world love
Ficción históricaမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။