မိုးသောက်ယံသို့ရောက်သည့်အချိန်မှာတော့..
လန်အိမ်တော်အတွင်း အစေခံများမှာ အစောကြီးနိုးထ၍ အလုပ်ရှုတ်နေခဲ့ရသည်။''ဘယ်လိုလဲ.. အိမ်တော်ထိန်းကြီး ဟင်းလျာတွေအားလုံးအသင့်ဖြစ်ပြီလားဟင်။''
''အဆင်သင့်ဖြစ်ပါပြီ သခင်လေးရန်...''
''ကောင်းပြီ..ညီတော်နိုးလာရင် သူဗိုက်ဆာနေမှာ
အသင့်ပြင်ထားတာကောင်းတယ်။''''ဟုတ်ကဲ့...''
''ဒါနဲ့ ဝေ့သခင်လေး မနိုးသေးဘူးလား။
သူ့အတွက်ပါ စားစရာပိုပြင်ပေးထားလိုက်ဦး..
သူကလန်အိမ်တော်ရဲ့ ကျေးဇူးရှင်ပဲ။''''ကျွန်တော်မျိုး ပြင်ထားလိုက်ပါ့မယ် သခင်းလေးရန်။''
''ကောင်းပြီ.. ''
''အေးဆေးလုပ်ကြပါ...ပြီးရင် အိမ်စေတွေကို
သွားနားခိုင်းလိုက်တော့။''''ဟုတ်ကဲ့သခင်လေးရန် ...''
.
.
.
.
.
.
တစ်ဖက်နန်းဆောင်ရဲ့ အိပ်ဆောင်ထဲတွင်...
နှစ်ခြိုက်စွာအိပ်မောကျနေသည့် မိဖုရားရဲ့နံဘေးမှ
နိုးထလာတဲ့သူ။သာမာန်နိုးထခြင်းမဟုတ်ပါပဲ...
သူ့၏မျက်ဝန်းနှစ်ဖက်မှာ အမှောင်ဖုံးလွှမ်းနေသည့်အနက်ရောင်မျက်ဝန်းများဖြင့်သာ။ဖြည်းညှင်းစွာ လမ်းရှောက်လာပြီးနောက် ကြီးမားတဲ့မှန်ချပ်ကြီးရှေ့ဝယ် ခြေလှမ်းတွေကိုရပ်တန့်လိုက်လေရဲ့။
ပြီးနောက်...အနက်ရောင်အခိုးအငွေ့တွေနဲ့အတူ
မှန်ချပ်ရဲ့ပုံရိပ်ထဲတွင် မိစ္ဆာကြီးရဲ့ပုံရိပ်သည်က
အထင်အရှားပေါ်လာပြန်တယ်။အနီရောင်မျက်ဝန်းများဖြင့် သူ့အားစူးစိုက်ကြည့်နေပြီး...
''ဒီလပြည့်နေမှာ နိမိတ်တွေမကောင်းဘူး...
မင်းကို သတ်နိုင်မဲ့သူ ပေါ်ထွက်လာပြီ...
ဒါကြောင့်ငါသတိလာပေးရတာ။
အဲ့ဒီမိဖုရားရဲ့ သားက အသက်ရှင်နေသေးတယ်
မကြာခင်မင်းကို သူလာသတ်လိမ့်မယ်။
သူမကို မင်းအသုံးချလို့ရသေးတယ်..မင်းအတွက်
မင်းသေချာသုံးသပ်ပါ။
ဒီလပြည့်ညက သူ့အတွက် စွမ်းအားရနိုင်တယ်
မင်းကတော့ ဒီလပြည့်ညမှာ အကောင်းဆုံးကြိုးစားသင့်တယ်လို့ ထင်တယ်။
လန်စစ်သူကြီးနဲ့သူ့ရဲ့တပ်မဟာကြီးက..မင်းရဲ့တိုင်းပြည်နယ်နိမိတ်အတွင်း တပ်စွဲထားတယ်။
သူတို့တွေကို လျှော့တွက်လို့မရဘူးနော်...
မင်းရဲ့စွမ်းအားတွေ ဒီထပ်ပြည့်ဝစေချင်ရင်.. ငါ့ဘက်ကလမ်းညွှန်ပေးနိုင်တယ်။''
YOU ARE READING
3life 3world love
Historical Fictionမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။