အတိတ်မေ့ပန်းရနံ့အနည်းငယ်ရှူမိတဲ့ဝေ့ရင်းဟာ လန်ကျန့်ရင်ခွင်ထဲ သတိမေ့တော့မည့်ဆဲဆဲ....
"လန်ကျန့်...ငါ့ခေါင်းတွေအရမ်းနာလာတယ်..ငါ.. ငါ မခံစားနိုင်ဘူး ဒီဒဏ်ကြီးကို.."
"ဘာမှမဖြစ်ဘူးနော်..
ကိုယ်ဝေ့ရင်းအနားမှာရှိနေသရွေ့ ဝေ့ရင်းဘာမှမဖြစ်စေရဘူး။
ကိုယ် ကတိပေးပါတယ်.. ဝေ့ရင်းရဲ့ စိတ်ကိုညိမ်ညိမ်ထားလိုက်..သက်သာလာလိမ့်မယ်
ကိုယ်ပြောသလိုလုပ် ဝေ့ရင်း။"ဝေ့ရင်းကိုယ်လေးကိုပွေ့ချီပြီး သူ့ရဲ့နန်းဆောင်ဆီပြန်လာတဲ့ လန်မင်းကြီး...
"ချောင်...ငါ့ဆီကို ရေနွေးနဲ့ ဓားတစ်လက် ယူလာခဲ့ပေး။""ဟုတ်ကဲ့.. အရှင်မင်းကြီး..."
နန်းဆောင်ထဲပြန်ရောက်တာနဲ့ ဝေ့ရင်းကို
ကုတင်ပေါ် တင်လိုက်ပြီး လန်ကျန့်ကတော့ သူ့ရဲ့အဖိုးတန်ဆေးမြစ်များကို
ဗီဒိုထဲ ရှာဖွေနေတော့သည်။'ပြင်းပြပြီး မူးစေတဲ့ ဒီပန်းရနံ့က အတိတ်မေ့စေတာအမှန်ပဲ။
ဒါဆိုရင်...'
သေတ္တာငယ်လေးအတွင်းမှ ဆေးမြစ်အနည်းငယ်ကို ယူလိုက်ပြီး..
သူဆေးကျိုရမှာပဲ။
တော်သေးတယ် ဒီပန်းနံ့ကို ဝေ့ရင်းအများကြီး မရှူမိလိုက်တာ ကံကောင်းတယ်ဆိုရမလားပဲ။ခဏနေတော့ ချောင် သူယူခိုင်းထားတဲ့
ရေနွေးနဲ့ ဓားအသေးတစ်လက်ကို ယူဆောင်လာခဲ့သည်။
"ဆေးကျိုဖို့ မြေအိုးယူလာခဲ့အုံး ချောင်။""ဟုတ်ကဲ့ အရှင်မင်းကြီး။"
ဝေ့ရင်းရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ရေနွေးနွေးတို့ဖြင့် ရေပတ်တိုက်ပေးပြီး
ဝေ့ရင်းရဲ့ လက်ဆယ်ချောင်းလုံးရဲ့ လက်ေချာင်းထိပ်လေးများဆီ ကြတ်ခြေခတ်ပုံစံ ဓားအသေးဖြင့် လိုက်ဖြတ်လိုက်တဲ့လန်ကျန့်။
အမှတ်အသားပြုလိုက်တာပါလက်မှာ...✖✖👈"ခဏပဲ ဝေ့ရင်း အဲ့ဒီသွေးညစ်တွေ အကုန်ထွက်သွားမှ ဒီဝေဒနာ သက်သာလိမ့်မယ်။"
"လန်ကျန့်...ငါ့ခေါင်းထဲမှာ ကြောက်စရာကောင်းတဲ့ပုံရိပ်တွေအများကြီးမြင်ခဲ့သလိုပဲ ငါမပြောပြတတ်ဘူးပြန်ပြီးတော့..
ဒါပေမဲ့ ငါပြန်မေ့သွားတယ်..အဲ့ဒါက
အရမ်းဆိုးဝါးလှတယ်။"
YOU ARE READING
3life 3world love
Historical Fictionမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။