ep(27)🍁

332 22 0
                                    

ရေကန်လေးထဲ ရွှေငါးအမြောက်အများကိုမွေးမြူးထားတဲ့ လန်သခင်လေးဟာ ဒီနေ့မှာမှ
နေမကောင်းဖြစ်ပြီး အခန်းထဲမှာဆေးသောက်ပြီးမှိန်းနေခဲ့သည်။
စစ်ရေးလေ့ကျင့်ကွင်းကိုမသွားနိုင်ပဲ အိမ်ထဲမှာပဲ
နေနေခဲ့တဲ့ လန်သခင်လေးဟာ အိပ်မောကျနေပြန်တယ်။
အဖြူရောင်ကြက်တူရွေးလေး လျန်ပေါင်ကတော့
ပြတင်းတံခါးနား ငုတ်တုတ်လေးရှိပြီး သူ့သခင်ကျွေးထားတဲ့ မြေပဲစေ့တွေကို ခွာစားနေခဲ့သည်။

ရုတ်တရက်ဆိုသလို... သူ့သခင်ရဲ့ ကုတင်နားလူတစ်ယောက်ဝင်လာသည်ကို မြင်ပြီးလျန်ပေါင်မှာ ကြောင်ကြည့်နေလေရဲ့..

''အဟက်...လန်သခင်လေးဆိုသူက ဘာလို့ အဲ့လောက်ထိ အားနည်းတဲ့ပုံပေါက်နေရပါလိမ့်။
မာနကြီးလွန်းတဲ့ မင်းကို ငါကြည့်မရတာကြာပြီ
ပြီးတော့ မင်းတို့အိမ်တော်ကို ငါဘယ်လို ဒုက္ခပေးပြမလည်းဆိုတာ မကြာခင်မင်းသိရမှာပါ။
အဟက် တော်တော်လေး ဂုဏ်သတင်းမွှေးတဲ့မင်းကအခုတော့လည်း မလှုပ်ရှားနိုင်ပါလား...
မနေ့က ငါအဆိပ်ခတ်ထားတဲ့ဆေးကိုသောက်မိပြီး
အိပ်ယာထဲ လဲနေပါလား။
ကောင်းတယ်... အဟက် သိပ်ကောင်းတယ်။''

ချက်ချင်းဆိုသလို လျန်ပေါင်လေးမှာအသိဝင်လာပြီး ''လာကြပါအုံး လာကြပါအုံး... လန်ကိုကိုလေးကို လုပ်ကြံနေတယ်။''

ဒါကို ကြားတဲ့ ဝေ့ရင်းကတော့ မနက်စာစားပွဲယူလာရင်းဖြင့်သူ့ရှေ့က အခန်းထဲအမြန်ပြေးဝင်လာခဲ့မိတယ်။အနက်ဝတ် လူတစ်ဦးကိုမြင်တာနဲ့
''မင်းဘယ်သူလဲ..ဘာကြောင့် ဒီအခန်းထဲရောက်နေတာလည်း မင်းဘာလိုချင်တာလည်း။''

''မင်းနဲ့မဆိုင်ရင် ဝင်မရှုတ်နဲ့ကိုယ့်နေရာကိုယ်နေစမ်း ကျွန်ကောင်ရဲ့။''

''ဘာကွ...မင်းကများငါ့ကို ဝေဖန်ရဲသေးတယ်
ငါ့ဘာငါ ဘာကောင်ပဲဖြစ်ဖြစ်မင်းကိုကြောက်နေရမှာလား မင်းကိုဘယ်သူလွှတ်လိုက်တာလည်း။''

ဝေ့ရင်းရှိရာဆီ ထိုလူရဲ့လက်နက်ပုန်းအဆိပ်အပ်တွေက တိုးရောက်လာပေမဲ့..
ဝေ့ရင်းကတော့ လန်ကျန့်ရဲ့ကိုယ်ကို ကာကွယ်ပေးပြီးရှောင်တိမ်းခုခံခဲ့လေသည်။
အဲ့ဒီနောက် ဝေ့ရင်းပစ်လိုက်တဲ့ လက်နက်ပုန်းဓားအချွန် သေးသေးတစ်လတ်ဟာ လုပ်ကြံရေးသမားရဲ့ညာဘက်လက်ဖျံကိုထိုးစိုက်သွားခဲ့ပြီး
လုပ်ကြံရေးသမားမှာ လုပ်ကြံဖို့အတွက်အခွင့်မသာပဲ ပြတင်းပေါက်မှတဆင့်ခုန်ဆင်း ထွက်ပြေးသွားလေရဲ့။

3life 3world loveOù les histoires vivent. Découvrez maintenant