ep(7)🍁

1K 80 6
                                    

နှစ်သုံးဆယ်ကြာပြီးနောက်.. ပြင်းထန်တဲ့တိုက်ပွဲကြီးမှာ အလင်းသခင်နဲ့မိစ္ဆာဘုရင်တို့အပြန်အလှန်တိုက်ခိုက်ကြရာ..အလင်းသခင် မှတ်ဉာဏ်တချို့သတိပြန်လည်ခဲ့ပြီး
သတိလက်လွတ်ဖြစ်ခဲ့စဥ် ချစ်ရသူက
သူ့အား ဓားနဲ့ထိုးပြီးသတ်ခြင်းခံခဲ့ရတယ်။

''ရှောင်းလေး ..မင်းက ရှောင်းလေး''
မိစ္ဆာဘုရင်ရဲ့နဖူးအလယ်တည့်တည့်ကအမှတ်အသားလေးကိုမြင်တဲ့နောက်..
ရင်ဝက ဓားကို ဂရုမစိုက်အား တစ်ယောက်သောသူရဲ့မျက်ဝန်းတွေကိုကြည့်ရင်း..လန်ကျန့်ချောက်နက်ကြီးထဲပြုတ်ကျသွားတော့တယ်။

ထိုအခိုက် ရှောင်းလေးဖြစ် ဝေ့ရင်းမှာလည်း အတိတ်တချို့သတိပြန်လည်ခဲ့ချိန်
''နောက်ကျသွားခဲ့ပြီ...အကိုဖုန်း..မဖြစ်ရဘူးလေ''
အော်ခေါ်နေတဲ့သူ့ကိုအပြုံးတို့နဲ့နှုတ်ဆက်သွားတဲ့အလင်းသခင်။မိစ္ဆာဘုရင်ရဲ့ညာလက်ရုံးလက်ထဲက ဇီဝိန်ခြွေမြှားချက်က...ဝေ့ရင်းဆီကိုတည့်တည့်မတ်မတ်
သူသည်လဲ နောက်ကွယ်ကမြှားချက်ကြောင့် ထိုချောက်နက်ကြီးထဲ ထပ်မံပြုတ်ကျသွားပြန်ရော...
အတိတ်တွေသတိရပြန်တော့ လွန်ကုန်တဲ့
အမှားတွေနဲ့ပြင်ဆင်လို့မရတော့ပြီ။
''ခွင့်လွှတ်ပါ..အကိုဖုန်း။''
ဝေ့ရင်းရဲ့မျက်ရည်တွေက လေထဲအခိုးအငွေ့တွေအဖြစ်နဲ့သာကျန်ရစ်ခဲ့ပြန်တယ်။
.
.
.
.
.
.

နှစ်တွေပြောင်းလဲကုန်ဆုံးသွားတာနဲ့အမျှ
လန်နိုင်ငံတော်မှာ မင်းသားလေးအဖြစ်မွေးဖွားလာတဲ့ လန်ကျန့်။
သူကတော့ လောကကောင်းကျိုးကို သယ်ပိုးဖို့အတွက် ဝင်စားခြင်းစေလွှတ်ခံရတာပါ။ခုဆိုရင် မိဖုရားကြီးရဲ့ရင်ခွင်ထဲ နို့ချိုစို့ရင်း အိပ်မောကျနေရှာတဲ့ မင်းသားငယ်လေး လန်ကျန့်ဟာ နှင်းလိုဖြူတဲ့ရောင်ဝါများနဲ့သာ။

နောက်တဦးကတော့ ဝူမျိုးနွယ်စုမှာ ဝင်စားခဲ့ပြန်တဲ့ဝေ့ရင်း။
သူကတော့ ငယ်စဥ်ကတည်းကလူချစ်လူခင်ပေါများတဲ့ သခင်လေးအဖြစ်
မွေးဖွားလာရှာတယ်။
ချစ်စရာကလေးငယ်လေးက နှုတ်ခမ်းအောက်မှာမှဲ့နက်သေးသေးလေးနဲ့ပါ။
ထိုသည်က ချစ်ရသူပေးခဲ့တဲ့အမှတ်အသားလေးပေ။

လျန်ဟွားစဲ့သခင်မကြီးရဲ့ ရင်သွေးငယ်
ဝေ့ရင်းဟာ ဝူမျိုးနွယ်စုမှာ ကြီးပြင်းခဲ့ရတယ်။
ရှင်းဧကရာဇ်ရဲ့လက်အောက်ခံမျိုးနွယ်စုတွေမှာ ဝူမျိုးနွယ်စုက အင်အားအကြီးမားဆုံးပဲဖြစ်တယ်။ဒါကြောင့် လန်ပြည့်ရှင်နဲ့ရှင်းဧကရာဇ်တို့ နယ်မြေပိုင်းခြားသတ်မှတ်ရာမှာ ဝူမျိုးနွယ်စုတွေနေထိုင်ရာ
ဝူတောင်စွယ်ကြီးကြားခံနယ်မြေဖြစ်လို့နေပြန်တယ်။
နှစ်ဖက်တိုင်းပြည်ကြား ထိုတောင်စွယ်လေးက အလယ်မှကန့်လန့်ဖြစ်လို့နေရှာတယ်။
နောက်ဆုံး ဝူတောင်စွယ်ကို နှစ်နိုင်ငံလုံးက
သီးခြားနယ်မြေအဖြစ်သတ်မှတ်ပေးခဲ့ရသည်အထိပေ။
ဒါကြောင့် ဝူမျိုးနွယ်စုတွေဟာ သီးခြားရပ်တည်သွားတဲ့မျိုးနွယ်စုတစ်ခုအဖြစ် ခွဲထွက်သွားတော့တယ်။

3life 3world loveOnde histórias criam vida. Descubra agora