ep(45)🍁final

462 12 0
                                    

နောက်တစ်နေ့မနက်ခင်းမှာတော့ ကြိုးကြာဖြူတောင်ကို ဝေ့ရင်းတို့သားဖနှစ်ယောက်သာရောက်လာခဲ့တယ်။
''လန်လန်မယ်တော် ဆရာတော်ကျု့ကိုသွားရှာလိုက်ဦးမယ် အဝေးကြီးလျှောက်မသွားနဲ့ဦးကြားလား။''

''ဟုတ်ကဲ့။''

''မဆိုးဘူးမင်းကစကားနားထောင်သားပဲ။''

''ကျွန်တော် ဒီကပဲစောင့်နေမယ် မယ်တော်ရင်း။''

''ကောင်းပြီ..''

ကြီးမားလှတဲ့ကြိုးကြာဖြူရေတံခွန်ကိုဖြတ်လို့ပြီးတာနဲ့ သဘာဝအလျှောက်ဖြစ်တည်နေတဲ့ ထုံးကျောက်ဂူကြီးထဲသို့ဝေ့ရင်း ဝင်ရောက်သွားလိုက်တယ်။

ဂူထဲမှာတော့ အဝါရောင်ဘုန်းကြီးဝတ်စုံဖြင့် စိပ်ပုတီးကြီးလည်တွင်ဆွဲထားတဲ့ ဘုန်းကြီးငါးဖော်ဟာ တရားကျင့်ကြံနေပြန်တယ်။
ဒါပေမဲ့ဝေ့ရင်းသူတို့အနားရောက်ချိန်မှာပဲ
မျက်လုံးကိုယ်စီဖွင့်လာကြတဲ့ကိုယ်တော်များထံမှ...

''ရောက်လာပြီလားဒကာလေး ဝေ့ရင်း။''

''ကျွန်တော် ရောက်ပါပြီ ဆရာတော်ကျု့။''

''အင်း..မင်းရဲ့ညာဘက်လက်ကိုပေး။''

''ဗျာ..''

''အမှတ်အသားကြည့်မလို့ ဝေ့ရင်း။ပြီးတော့
ဆေးလုံးဖော်စပ်ပေးရမှာမို့လို့ သွေးခုန်နှုန်းစမ်းကြည့်တာပါ။စိတ်မပူပါနဲ့ ဆရာတော်ဘာမှမလုပ်ပါဘူး ဝေ့ရင်း။''

''လန်မင်းကြီးကစာပို့ပြီးမနေ့ကတည်းကအကြောင်းကြားထားလို့ပါ။
ဝေ့ရင်းက မီးဓာတ်မရှိတဲ့အတွက် ဆရာတော်က ဓာတ်ငါးပါးဆေးကိုဖော်စပ်ပေးရမှာ ဝေ့ရင်း။''

''ဗျာ..ကျွန်တော်ကမီးဓာတ်မရှိဘူးဟုတ်လားဆရာတော်။''

''အမှန်ပဲ..မင်းရဲ့အသားကအေးစက်နေတယ်။''

''ဒါဆိုရင်... ဆေးကဖော်စပ်ရလွယ်ကူပါ့မလား။''

''ဒကာလေးရဲ့ကံပါပဲ အချိန်တစ်ပတ်တော့စောင့်ရလိမ့်မယ်။
အဲ့ဒီကာလမှာ ဒကာလေးဝတ်ပြုကျောင်းမှာ နေထိုင်ရလိမ့်မယ် လုပ်နိုင်ပါ့မလား။''

''နေနိုင်ပါတယ်ဆရာတော်ကျု့။''

''ကောင်းပြီ..ဒီပစ္စည်းကိုယူသွားလိုက်ဒကာလေးဝေ့။''

3life 3world loveWhere stories live. Discover now