ရှန့်ကျမ်းမန် နတ်ဘုံကျောင်းအကျဥ်းထောင်ကြီးသည် ယခုအခါမှာတော့ မိစ္ဆာ အပေါင်းကိုဖမ်းစီးချုပ်နှောင်ထားသည်မို့ ဟန်အိုက်အပါအဝင် အားလုံးက စွမ်းအင်စွမ်းအားများပျောက်ဆုံးသွားရတဲ့အဆင့်မှာပါ။
ဒေါသကြီးလှတဲ့ဟန်အိုက်မှာ ထိုအစီအမံများစွာရှိသည့် ရှန့်ကျမ်းမန်နတ်ဘုံကျောင်းအကျဥ်းထောင်အား အမျိုးမျိုးကျိန်ဆဲအော်ဟစ်သောင်းကျန်းနေပြီး အရူးပမာ သူ့လက်အောက်ငယ်သားများအား
ရိုက်နှက်ရန်မူနေခဲ့သည်။''လန်ကျန့်..မင်းနဲ့ငါ ကမ္ဘာမကြေနိုင်ဘူး။''
''ဝေ့ရင်း ငါပြန်ထွက်လာနိုင်ရင်မင်းကိုအရင်ဆုံးသတ်ပစ်မယ်ကွ။''
''မင်းတို့နှစ်ယောက်ရဲ့သားကိုတော့ ငါအရှင်လတ်လတ်အရေခွံဆုပ်ပစ်မှာ သိထားကွ။''
''အရှင်က ရူးသွားပြီထင်တယ်.. ငါတို့သူနဲ့ဝေးဝေးနေသင့်တယ်ထင်တယ်။''
''ဟုတ်မယ် ငါတို့လွတ်မြောက်ခွင့်ရအောင်စိတ်ကောင်းမွေးပြီးကောင်းတာပဲလုပ်သင့်တယ်။
ငါတို့ပြောင်းလဲရမယ်..''''အင်း..ငါတို့တွေ အားလုံး ပြောင်းလဲကြရမယ်ဟုတ်တယ်။''
''တိတ်ကြစမ်း..ထပ်ပြောရဲပြောကြည့် သတ်ပစ်မယ်မှတ်။''
ထိုစကားအားကြားပြီးနောက် မိစ္ဆာများမှာ သူ့နေရာသူနေကာ ဟန်အိုက်အနားနားမည်သူမှကပ်မနေရဲကြပေ။
ခဏအကြာတွင် အမှောင်ထုသမ်းလာသည့်ကောင်းကင်အရောင်ကြောင့် ဟန်အိုက်ဟာ
မျက်ခုံးနှစ်ဖက်တွန့်ချိုးလာရသည်။'ဒါကဘာသဘောလဲ..မိုးကြိုးလျှပ်စီးက ထပ်ကြပ်မကွာ တိမ်မဲတွေရဲ့အနောက်ကပ်ပါလာကြတယ်။
မဟုတ်မှလွဲရော... မိုးကြိုးအပြစ်ပေးတဲ့ ပစ်ဒဏ်က ပေါ့သေးသေးမဟုတ်ဘူး။ဒီအထဲမှာအပြစ်ကြီးတဲ့သူဆိုလို့ သူပဲရှိနိုင်တာ..ဒါဆိုရင် သူ့အတွက်ဒီမိုးကြိုးတွေက ရောက်လာကြတာလား။'''ဂျိမ်း...ဂုံး..ဂုံး..ဂုံး...ရှပ်..ရှပ်ရှပ်.ဖျပ်''
ဝင်းလက်သွားတဲ့လျှပ်နွယ်တန်းတွေက မျက်စိစူးချင်ဖွယ်အတိရှိပြီး ဟန်အိုက်အနီးတွင် နွယ်ပင်ကသူ့အလိုလိုပေါက်ရောက်ထွက်ပေါ်လာပြီး
သူ့ရဲ့လက်နှစ်ဖက်အား ရစ်ပတ်ချုပ်နှောင်လာခဲ့သည်မို့ ဟန်အိုက်မှာမျက်လုံးအပြူးသားနဲ့ကြောက်လန့်လာတော့သည်။
YOU ARE READING
3life 3world love
Historical Fictionမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။