နေခြည်နွေးနွေးတို့ မြေပြင်ပေါ်သက်ဆင်းတဲ့ရောင်နီဦးနဲ့အတူ ချစ်ရသူရဲ့မျက်နှာလေးကို ငေးမောကြည့်မိပြန်တဲ့လန်မင်းကြီးတစ်ယောက်.. ချိုသာတဲ့အသံတို့နဲ့ချစ်ရသူကိုခေါ်နှိုးမိပြန်ပြီလေ..
''ဝေ့ရင်း..ဝေ့ရင်း..အိပ်ယာကထတော့လေ
ဒီနေ့..နန်းရင်ပြင်သွားရမယ် အိပ်မနေနဲ့တော့။''''ဟင့်အင်း...လန်ကျန့် ငါအိပ်ရေးမဝသေးဘူး..မထဘူးကွာ။''
''ဝေ့ရင်း...မဆိုးရဘူး အမတ်တွေနဲ့ဒီနေ့တွေ့ဆုံရမယ်လေ..''
''ဟင့်အင်းနော်... ငါမတွေ့ချင်ဘူး ဘယ်သူ့ကိုမှ..''
''မလိုက်ချင်ရင်လဲအိပ်နေခဲ့တော့ နန်းပြင်တော့မထွက်ရဘူးနော် ကိုယ်ပြောတာကြားလား။''
''အင်း..အင်း..ဟုတ်ပြီ မသွားဘူး။''
''ချောင်...နန်းဆောင်အပြင်ဘက်မှာရှိတယ်
လိုတာရှိရင် သူ့ကိုယူခိုင်းလို့ရတယ်။''''အင်းပါ လန်ကျန့်...''
မျက်လုံးမဖွင့်ပဲ အင်းတလုံးတည်းရေရွတ်နေတဲ့ဝေ့ရင်းကိုကြည့်ပြီး အူယားလာတဲ့လန်ကျန့်..ဒါနဲ့မနေနိုင်တဲ့လက်က ဝေ့ရင်းရဲ့စူထော်ထော်နှုတ်ခမ်းသားလေးကို ဆွဲညှစ်ကာ ''အဆိုးလေး..ကိုယ်မကြာခင်ပြန်လာခဲ့မယ်။''
''အင်း...''
လန်မင်းကြီးနန်းညီလာခံတက်ရောက်နေချိန်..
''ရှင်း..အိမ်ရှေ့စံက အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေကြောင်းပါ မင်းကြီး။''
''ဝင်လာခိုင်းလိုက်...''
''ဟုတ်...''
ကုန်းကုန်းရဲ့ရှောက်တင်ချက်ပြီးဆုံးသည်နှင့် နန်းညီလာခံ ခန်းမအတွင်း ဝင်ရောက်အရိုအသေပေးတဲ့ ရှင်းအိမ်ရှေ့စံ..
''လန်မင်းကြီးကို ကျွန်တော်မျိုး.. အရိုအသေပြုပါတယ်။''လက်နှစ်ဖက်ကို ပင့်မြှောက်လို့ ဂါဝရပြုပြီးသည်နှင့်..
''အရှင်မင်းကြီး အရှေ့အရပ်မှာ
ဝါလ လူမျိုးတွေ နယ်မြေလုလာပါတယ်။
လက်အောက်ခံ နိုင်ငံဖြစ်တဲ့ရှင်းနယ်မြေတွေမှာ မြေနေရာအတော်များများပါသွားကြောင်းပါ။
နောက်ထပ် စစ်မြင်းတွေကို ပစ်မှတ်ထားနေကြောင်းပါ။
လန်မြို့တော်ရဲ့ သံထည်စျေးမှာ မြင်းကုံးနှီးတွေ အများအပြားပြုလုပ်နေတာတွေပါမကျန် စုံစမ်းသိရှိထားကြောင်းပါ။
မင်းကြီး...ဆုံးဖြတ်ချက်ချပေးပါ..
ဝါလ တမန်တော်ကို ကျွန်တော်မျိုးဖမ်းဆီးထားကြောင်းပါ။''
YOU ARE READING
3life 3world love
Historical Fictionမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။