နန်းဆောင်ထဲ ရှောင်းလေးအိပ်ပျော်သွားပြီဆိုမှ ဖုန်းချင့်နောက်ထပ်တခါ အဆောင်ထဲခိုးဝင်သွားခဲ့တယ်။
အိပ်ပျော်နေတဲ့ ရှောင်းရဲ့ နဖူးပြင်ဆီ အမှတ်အသားတခုချန်ပြီးမှတ်သားထားလိုက်တယ်။ထိုအမှတ်အသားကို သူတစ်ယောက်တည်းမြင်ရအောင် သူ့ရဲ့အစီအရင်က မှော်ဆန်လှတယ်။
'ဘယ်ဘဝရောက်ရောက်... မင်းကိုမြင်တာနဲ့ မှတ်မိနိုင်လိမ့်မယ်။
မင်းက ငါ့အပိုင်ပဲရှောင်းလေး...'.
.
.
.
.
မနက်မိုးလင်းတော့ ချန်းယွဲ့နဲ့အတူ ဖုန်းချင့်တို့နှစ်ဦးသာ နဂါးတိုင်းပြည်ကထွက်ခွာလာတော့တယ်။
အလင်းရောင်တွေမရှိတဲ့ တူးမြောင်းရှည်ကြီးဖြစ်တဲ့မြေအောက်လှိုင်ခေါင်းကနေပဲ
လွင်တီခေါင်ကြီးသုံးခုဆီရောက်အောင်ဖြတ်သန်းခဲ့ရတယ်။
ဦးစွာဖြတ်သန်းရမဲ့ လွင်ပြင်ကတော့ ကျောက်ဆောင်တွေနဲ့ပြည့်နှက်နေတဲ့ ကျောက်တောင်လွင်ပြင် ဝင်ကမ္ဘာကြီးပဲဖြစ်ပါတယ်။
ဒုတိယကတော့ သဲကန္တာရကြီးပါ။
နောက်ဆုံးကတော့ နှင်းလွင်ပြင်ပဲဖြစ်ပါတယ်။နှင်းလွင်ပြင်ဆုံးမှ ကြီးမားမတ်စောက်တဲ့နှင်းတောင်ကြီးတစ်ခုကိုမြင်ရမှာဖြစ်ပါတယ်။
နှင်းတောင်က မြေကြီးထဲ ပြောင်းပြန် တည်ရှိနေတာပါ။အခု ချန်းယွဲ့နဲ့ ဖုန်းချင့်ရောက်နေတာက
ကျောက်တောင်လွင်ပြင်ထဲမှာပါ။ပါလာတဲ့ ရိက္ခာခြောက်တွေကိုပဲ အရိပ်တခုမှာခိုရင်း ထုတ်စားဖြစ်ခဲ့ကြတယ်။
နောက်...အနားမယူတော့ပဲ ခရီးထွက်ကြပြန်တယ်။'ဖုန်းချင့်ကို ၇ရက်အတွင်း နှင်းတောင်သခင်ရှိရာဆီပို့ပေးမှဖြစ်လိမ့်မယ် မဟုတ်ရင် ကိုယ်ပေါ်ကအဆိပ်က ပျံ့ပြီးအသက်ဆုံးနိုင်တယ်။'
''အဆင်ပြေရဲ့လား..ဖုန်းချင့်။''
''မင်း ဓားပျံစီးရဲရဲ့လား..ဒါဆိုရင်ခရီးက
ပိုမြန်လိမ့်မယ် မဟုတ်ရင် မင်းကိုယ်ပေါ်ကအဆိပ်က ပျံ့ပြီးအသက်အန္တာရာယ်ရှိလာနိုင်တယ်။''''ဉီးရီးတော် အဆင်ပြေသလို ဆောင်ရွက်ပါ
ဖုန်းချင့် အားကိုးပါတယ်။''''ကောင်းပြီ...ခနလောက် အနားယူလိုက်ပါ
ဖုန်းချင့် ခဏနေရင်ဦးရီးတော် နှိုးပါ့မယ်
အိပ်လိုက်ပါ။''
ESTÁS LEYENDO
3life 3world love
Ficción históricaမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။