ချူပြည်နယ်၏ နန်းတွင်း..
မိဖုရားအဆောင်တော်တွင်မူ.ဖုန်း!...ခွမ်း!ခလွမ်း!!..ဘုန်း!..အုန်း!!..
ထိုအသံများသည် အစေခံငယ်လေးများကို ကြောက်ဒူးတုန်စေရုံမက မော်ပင်မကြည့်ရဲသည်အထိဆိုပါတော့။''ဝမ်ဖေးဘယ်သွားလည်း ငါ့ကိုပြော။''
တိတ်ဆိတ်နေသည့်အခန်းထဲတွင် မည်သူကမှ ပြန်လည်ဖြေကြားပေးခြင်းမရှိသည့်အတွက် သူဒေါသထွက်၍လာတော့သည်။
''ငါမေးနေတယ်လေ... ဝမ်ဖေးဘယ်သွားလည်းဆိုတာ မင်းတို့တွေမသိကြမမြင်ကြဘူးလား။''
''ကြာနီကန်ဘက်ကို ဝမ်ဖေးထွက်သွားကြောင်းပါအရှင်။''
မိန်းမစိုးငယ်လေးထံမှ ထိုစကားလုံးလေး ထွက်လာခဲ့ပေမဲ့ ကျန်ရှိသည့်အစေခံများမှာ သူ့ရဲ့ဝိညာဥ်နှုတ်ယူခြင်းကိုခံလိုက်ရတော့သည်။
''ကောင်းပြီ...''
အတုံးအရုံလဲပြိုကျကုန်သည့် အစေခံများကို ကျော်ခွထွက်လာရင်းဖြင့်...
''ဒီအခန်းကို ရှင်းထားလိုက် ငါမကြာခင်ပြန်လာခဲ့မယ်။''''ဟုတ်...အရှင်။''(ကြောက်ကြောက်လန့်လန့်ဖြင့်ဆိုလာလေသူ)
မိစ္ဆာနတ်ဆိုးဘုရင်ကတော့ ဒေါသအချောင်ချောင်ဖြင့် မိဖုရားရှိနေနိုင်မဲ့ ကြာနီကန်ဘက်သို့လိုက်လာခဲ့ပြန်သည်။
လရောင်ကိုကြည့်၍ မျက်ရည်တွေပြိုဆင်းနေသည့်မိန်းမလှလေးမှာ တော်တော်လေးပိန်၍သွားရှာသည်။
''ခုချိန်လောက်ဆိုရင်.... သားတော်လေးတောင်
အရွယ်ရောက်နေပြီထင်တယ်။
မယ်တော် သားတော်ကိုလွမ်းလှပြီ...''''ဘယ်သူ့ကိုမင်းကလွမ်းနေတာလည်း..မှန်မှန်ပြောစမ်း။''
သူမရဲ့နောက်ကျောဆီမှထွက်ပေါ်လာသည့် အေးစက်ခက်ထန်လွန်းတဲ့ ဤလေသံပိုင်ရှင်ကို သူမ မုန်းတီးလှသည်။
ဒါပေမဲ့... မတတ်သာ၍သာ ဟန်ဆောင်အပြုံးတို့နဲ့တန်ဆာဆင်ကာ သူမဟန်လုပ်ရပြန်တယ်။
''အရှင့်ကို ကျွန်တော်မျိုးမ အရိုအသေပြုပါတယ်
အရှင်ကျန်းမာပါရဲ့လား။''''ကိုယ်တော် အဆင်ပြေပါတယ် ချစ်မိဖုရား...''
'မဟုတ်ဘူး...ရှင်က ကျွန်မရဲ့ယောကျာ်းမဟုတ်ဘူး
ရှင်က မိစ္ဆာကောင်ပဲ။'
သူမရဲ့စိတ်ထဲ ထိုသို့ရေရွတ်ပြောနေပေမဲ့...
တကယ်တမ်းတော့ သူမဘက်က ဘယ်အရာကိုမှ
မစွမ်းသာပြန်ပေ။
VOCÊ ESTÁ LENDO
3life 3world love
Ficção Históricaမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။