''မယ်တော် သူ့အနားမကပ်နဲ့သူကညီတော်မဟုတ်ဘူးမယ်တော်။''
''ခုံးရန်ပြန်လာပြီလား''
''ဟုတ်တယ်မယ်တော် ကျွန်တော်ပြန်ရောက်ပြီ သူ့နားမကပ်နဲ့''
ဝေ့ရင်းမှာခုံးရန်ရဲ့စကားကိုကြားပြီး သူ့သားငယ်ဘက်ပြန်လှည့်ကြည့်ပြီး..ဟမ်းဟူ၍ကြောင်နေမိတယ်။
''ကောကော..ဝေ့မင်ဘာအပြစ်လုပ်မိလို့လဲ။ဝေ့မင်က
မယ်တော်ရဲ့အနားတောင်နေခွင့်မရှိတော့ဘူးလားဗျာ။''မျက်နှာငယ်လေးနဲ့မေးလာတဲ့ကောင်လေးကြောင့်..
''မင်းက.. မင်းက..ငါ့ညီတော်မဟုတ်ဘူးမိစ္ဆာကောင် ဟန်ဆောင်မနေနဲ့ကွ မင်းရဲ့သရုပ်အမှန်ကိုပြစမ်း''
ထိုသို့ပြောကာ ဝေ့မင်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး ဖိအားပေးလာပြန်သည်။
''အား..မယ်တော် ကောကောကဝေ့မင်ကို
စွပ်စွဲနေတယ် လုပ်ပါဦးဗျာ။''''ခုံးရန် မင်းညီလာခံကပြန်လာကတည်းက
ပုံစံပြောင်းနေတာ သားငယ်ကဘာများအပြစ်လုပ်မိလို့လဲ မယ်တော်ကိုပြော။''''သူကဝေ့မင်မဟုတ်ဘူးမယ်တော်..သူကဗုဒ္ဓနယ်မြေကနေ လွတ်မြောက်လာတဲ့ မိစ္ဆာတစ်ကောင်ပဲဖြစ်မယ်။''
''မဖြစ်နိုင်တာ...''
''ကျွန်တော်စမ်းသပ်ပေးနိုင်တယ်မယ်တော်
သူကသာမာန်မဟုတ်ဘူး။
ပြီးတော့ သူ့မှာခရမ်းရောင်မျက်လုံးတွေရှိတယ်မယ်တော်။''''ဘာကို...စမ်းသပ်''
''မယ်တော်သိရမယ်ဗျာ''
သူ့ရှေ့မှညီဖြစ်သူအား...
''လန်ဝေ့မင်...ဒီကိုလာခဲ့။''
''မယ်တော်..သား.အမှန်အတိုင်းဝန်ခံပါ့မယ်။ဒါပေမဲ့ သားကိုမောင်းမထုတ်ပါဘူးလို့ကတိပေးပါ။''
ဝေ့ရင်းသက်ပျင်းကိုအသာအယာပင်ချမိလေတယ်။ပြီးနောက်.. ဝေ့မင်ဘက်သို့လှည့်ကာကြည့်ပြီး သားကြီးခုံးရန်နဲ့လန်လန်ကိုတဖန်ပြန်ကြည့်လေတယ်။
''ငါသဘောတူတယ်ဝေ့မင်... ပြောတော့။''
ထိုတော့မှ ဝေ့မင်လေးမှာ..ပါးစပ်ဟရှာတယ်။
''သားက မြေခွေးနတ်သားငါးပါးထဲကအငယ်ဆုံးမင်းသားပါ မယ်တော်။နာမည်က ဟုန်ပင်းပါ။တစ်ရက်မှာအရင် ကောင်းကင်မင်းကြီးကကျွန်တော့်ကို စွန့်ပစ်နယ်မြေတစ်ခုကို ခရီးထွက်စေပြီး
မှော်လက်နက်တစ်ခုကိုရှာခိုင်းခဲ့တယ်။
အဲ့ဒီလက်နက်က ဓာတ်ငါးပါးဓားရှင်ပဲ။
ကျွန်တော် အဲ့ဒီလက်နက်ကိုယူပြီးအပြန်မှာ ဓားရဲ့ဓာတ်ငါးပါးက စတင်ပြီးစမ်းသပ်ခဲ့တာကြောင့် လမ်းတစ်ဝက်မှာပဲ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။နောက်တော့ဓားမိုးကြိုးဒဏ်ခံရပြီး လူ့ပြည်ကိုရောက်ခဲ့ရတယ်။ တောနက်ထဲမှာကယ်သူမရှိတဲ့အချိန်ဒဏ်ရာရနေတဲ့နောက် ထပ်ပြီး ဝိညာဥ်အပိုင်းအစတွေ ကွဲထွက်သွားခဲ့ရပြီး ကျွန်တော်နတ်သက်ကြွေခဲ့ရတယ်။
ကျွန်တော်နတ်သက်ကြွေတာကို ဘယ်သူကမှမသိခဲ့ကြသလို လေလိုပဲသဘောထားခဲ့ကြတယ်။
လေနဲ့အတူလွင့်ပါသွားခဲ့တဲ့ ကျွန်တော့်ရဲ့ဝိညာဥ်အပိုင်းအစလေးက လူ့ပြည်ရဲ့ကျိုးလုအရပ် ကျိုးမျိုးဆက်ရဲ့ တော်ဝင်သင်းချိုင်းကြီးအထိရောက်ရှိခဲ့တယ်။
အဲ့ဒီနေ့က နှင်းတွေအရမ်းကျနေတဲ့အချိန်ပေါ့။
လေလွင့်နေတဲ့ ကျွန်တော့်ဝိညာဥ်အပိုင်းက
သင်းချိုင်းထဲမှာနေရာအနှံ့သွားနေမိတယ်။
မရပ်မနားပဲပေါ့။
ဒါပေမဲ့မထင်မိဘူးဗျ ကျွန်တော်ခလုတ်တိုက်မိသွားတယ်လေ..ပြီးတော့လျှို့ဝှက်လွန်းတဲ့နေရာတခုကိုကျသွားခဲ့တယ်။
အဲ့ဒီမှာ အနက်ရောင်ငရဲပန်းတွေအမြောက်အများပွင့်နေတာကို ကျွန်တော်မြင်တွေ့ခဲ့ရတယ်။
သူတို့ကိုထိတွေ့ခွင့်ကိုပါရခဲ့သေးတယ်။
နောက်ဆုံး မငြိမ်းသောမီးစာကို ငြှိမ်းခဲ့မိလို့ တစ်စုံတစ်ယောက်ကလွတ်မြောက်သွားခဲ့တယ်။သူနဲ့ကျွန်တော် ရင်းနှီခဲ့ကြတယ်။
ရှေးဟောင်းနတ်မိစ္ဆာနဲ့သူငယ်ချင်းဖြစ်ပြီး
သူ့ကိုကူညီပေးနေမိတာပါ။
ရှေးဟောင်းနတ်မိစ္ဆာက မတရားအချုပ်ခံခဲ့ရတဲ့အကြောင်းကို သိလို့ သူ့ကိုပြန် ကူညီပေးယုံပဲ ကျန်တာမရှိဘူး။
အပေးအယူအနေနဲ့သူကကျွန်တော့်ရဲ့ပြိုကွဲသွားတဲ့ဝိညာဥ်အပိုင်းအစတွေကို ကူပြီးတော့ရှာဖွေပေးနေတဲ့လူပါ။''

VOCÊ ESTÁ LENDO
3life 3world love
Ficção Históricaမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။