နောက်နေ့မနက်မှာတော့ နတ်သစ်သီးတွေကို
ဗန်းတစ်ခုထဲထည့်၍ လနန်းဆောင်ရှိရာဆီသို့
ဝေ့ခုံးရန်ထွက်လာခဲ့တော့သည်။''ခမည်းတော်... ကျွန်တော် ဝင်လာလို့ရမလား။''
''ဝင်လာခဲ့ခုံးရန်။''
လက်ဖက်ရည်ခွက်ကို ခုံပေါ်သို့ပြန်ချရင်း လန်ကျန့် သူ့သားတော်ကိုမေးဆက်ပြပြန်တယ်။
ဆိုလိုတာက ဘာကိစ္စလဲ ဟူ၍သာ။''ခမည်းတော်နဲ့မယ်တော်အတွက် ကျွန်တော်နတ်သစ်သီးတွေကို မယ်တော်တောင်ကနေယူလာခဲ့ပေးတာ အဲ့ဒါ လာပို့ပေးတာ။''
''အင်း..ဝေ့ရင်းနိုးရင် ခမည်းတော် ကျွေးလိုက်ပါ့မယ်။''
''ကျွန်တော်ပြောစရာရှိသေးတယ် ခမည်းတော်''
''ဘာများလဲ ခုံးရန်...''
''အမှန်တော့ ကျွန်တော့်ဆီမှာ ဝိညာဥ်ခွဲထားတဲ့ ခန္ဓာကိုယ် တစ်ခုရှိသေးတယ်။သူကနဂါးပဲခမည်းတော်။''
''ဘယ်လို...ခုံးရန် ..ကိုယ်ခွဲ ဟုတ်လား။''
''ဟုတ်ပါတယ် ခမည်းတော်''
''သူရော..ဘယ်မှာလဲ အခု''
''သူကအခု ကြာနီကန်ဘေးကသဘာဝလှိုင်ဂူထဲမှာရှိနေတယ် ခမည်းတော်။ကျွန်တော်ခမည်းတော်တို့နဲ့လူ့ပြည်ကိုလိုက်ချင်လို့ သူ့ကိုမယ်တော်တောင်ကနေပြန်ခေါ်လာခဲ့တာ။''
''မင်းကကောင်းကင်မင်းကြီးလေ..လူ့ပြည်ဘာလိုက်လုပ်မှာလဲခုံးရန်။''
''ခမည်းတော်ကလည်းဗျာ ကောင်းကင်မြို့တော်မှာသားတော် မပျော်ပိုက်ဘူး။ဒါကြောင့်မယ်တော်နဲ့အတူနေချင်လို့ပါ။အဲ့ဒါ လူ့ပြည်ကိုလိုက်ချင်တာကြောင့် ခမည်းတော် ကျွန်တော်ကိုခေါ်သွားပါနော်။''
''ဒါဆိုရင် ဒီမှာကဘယ်သူအုပ်ချုပ်စီမံမှာလဲခုံရန်
ကြည့်လည်းလုပ်ပါဦးကွ။''''လန်လန်ရှိတယ်လေဗျာ...သူ့ကိုနေရာလွှဲပေးခဲ့မှာပေါ့ ခမည်းတော်ရာ။''
''ကောင်းပြီလေ..လိုက်ချင်မှတော့ ခေါ်ရတော့မှာပေါ့။ဒါပေမဲ့ လူ့ပြည်ရောက်ရင်လည်းမင်းက နန်းတော်ထဲမှာနေရမှာနော်..ပြီးတော့လူ့ပြည်က ကောင်းကင်မြို့တော်ထက်ပိုရှုတ်ထွေးလွန်းတယ်ဆိုတာ အဲ့ကျမှမင်းသိရလိမ့်မယ်ခုံးရန်။''
CITEȘTI
3life 3world love
Ficțiune istoricăမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။