ရေထဲက ထွက်ပေါ်လာတဲ့မိစ္ဆာမခုနှစ်ဖော်ဟာ လူသားတွေရဲ့ရနံ့ကိုခြေရာခံနေပြန်တယ်..
''ခစ်ခစ်ခစ်.. အွန်းး..အမတော် ညီမလေး
လတ်ဆတ်တဲ့သွေးရနံ့တွေရနေတယ်။''မြေခွေးမိစ္ဆာတွေဟာ ရေကန်ထဲအဝတ်မဲ့လျှက်ရေကစားနေကြခြင်းပါ။မတော်တဆ အငယ်မလေးကိုယ်ပေါ် ကျောက်တုံးသေးသေးလေးက ရေတံခွန်ငယ်ရဲ့တိုက်စားမှုကြောင့် ပဲ့ကျရာမှ ပုခုံးပေါ်ထိခိုက်မိပြီး ငိုသံသဲ့သဲ့လေး ထွက်ပေါ်လာရခြင်းကြောင့်
အမဖြစ်သူတွေက ရေပြင်ပေါ်ပျံသန်းပြီးရန်သူကိုရှာဖွေနေခဲ့တာ။
အမှတ်မထင်တွေ့သွားရင်တော့
မတွေးရဲစရာပဲ . ဝေ့ရင်းတို့ပုန်းနေခဲ့လို့သာ မဟုတ်ရင် မိစ္ဆာမတွေလက်ထဲရောက်မှာဧကန်မလွဲပေ။မြေခွေးမိစ္ဆာတွေ ရေချိုးနေကြတဲ့မြင်ကွင်းကြီးက ပုရိသတွေကို မြူစွယ်ခြင်းတမျိုးပဲ
သူမတို့ရဲ့ ရှိုက်ဖိုမှုအသွယ်သွယ်ကိုဖော်ကြူးထားတာကြောင့် တော်ရုံစိတ်မထိန်းနိုင်သူဆိုရင် အစားခံရမှာ ကျိန်းသေတယ်။ရေတံခွန်အပေါ်ဘက်က ဝေ့ရင်းတို့ သုံးယောက်မှာ အသက်ပင်မရှူရဲအောင်ပင်
.
.
.
လန်ကျန့်နဲ့ကိုယ်ရံတော်ချောင်တို့ တောတန်းငယ်တခုကိုဖြတ်လို့အပြီးမှာတော့..
စီးတော်မြင်းတွေက ရှေ့သို့ဆက်မသွားေတာ့ပဲ
ရပ်တန့်သွားပြီး ဟီနေပြန်တဲ့အတွက်
မြင်းဇာတ်ကြိုးကိုထိန်းချုပ်ရင်း မြင်းပေါ်ကပြုတ်မကျအောင် ထိန်းနေရပြန်တယ်။လန်မင်းသားဟာ ရှေ့ဆက်မသွားတော့ပဲ
ကိုယ်ရံတော်ချောင်ဆီအကြည့်တချက်ပို့ကာ သတိဝရိယရှိပါစေဟူ၍ အချက်ပေးလာတယ်။ချောင်သည်လည်း မျက်ရိပ်နားလည်စွာ
တောအုပ်လေးထဲ ခြေလျင်ခရီးစလေတယ်။မှောင်ရိပ်ကြီးက ကြီးစိုးလာတော့မယ်
အနောက်အရပ်ကိုတိုးဝင်သွားတဲ့နေဝန်းကြီးကသူတို့တွေကိုလက်ပြနှုတ်ဆက်လျှက်ရှိပေတယ်။တဖြည်းဖြည်း လှမ်းဝင်သွားတဲ့တောအုပ်လေးက နက်သထက်နက်လာပြန်တော့
မိစ္ဆာအငွေ့အသက်တွေ ပိုလို့ပင်နီးကပ်သလိုခံစားလာရတဲ့ လန်ကျန့်။.
.
.
''မြန်မြန်ချိုးကြအုံး ညီမတော်တို့ ခဏနေရင် ညစာစားဖို့အတွက်သွားရမယ်လေ..ခစ်..ခစ်ခစ်''
VOUS LISEZ
3life 3world love
Fiction Historiqueမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။