လန်စစ်သူကြီး၏အိမ်တော်..
ညအချိန်တွင်မူ''ကျဲကျဲ...''
''ဝေ့ဝေ့..ကျဲရဲ့မောင်ငယ်လေး အဆင်ပြေရဲ့လားဟင် ဝေ့ဝေ့ပိန်သွားသလိုပဲ။''
''မပိန်ပါဘူး ကျဲကျဲ..ဝေ့ဝေ့အဆင်ပြေပါတယ် ကျဲကျဲ။''
''အင်းပါ.. ကျဲက ဝေ့ဝေ့လေးကိုသတိတွေရနေရှာတာ ဒီမှာ ကျဲမောင်လေးအတွက် အသားပေါင်းနှပ်လာခဲ့ပေးတယ်။''
''သိုးသားမဟုတ်လား ကျဲကျဲ။''
''ဟုတ်ပါ့ရှင်...ဝေ့ဝေ့ကြိုက်တဲ့ သိုးသားကိုမှ အကြာကြီးပေါင်းပြီးနှပ်ထားပေးတာ။
လာ မြန်မြန်စားကြည့်။''''အင်း...စားမယ် ကျဲကျဲ။''
အသားပေါင်းကိုစားနေရင်းဖြင့်..
''ဒါနဲ့ကျဲကျဲ အကိုကြီးရန်နဲ့ ကျဲကျဲက ရင်းနှီးတဲ့မိတ်ဆွေတွေလားဟင်။''''မဟုတ်ဘူး ဝေ့ဝေ့... အကြီးဆုံး လန်သခင်လေးက ကျဲနဲ့မေတ္တာမျှနေကြတာပါ ဝေ့ဝေ့။''
''ဝါး...ကျဲကျဲနဲ့ အကိုကြီးရန်နဲ့က အဲ့ဒီလိုမျိုးပက်သက်မှု့တွေရှိနေကြတာကိုး။''
''ဝေ့ဝေ့...ဒီအကြောင်းကို နှုတ်လုံပါစေနော်...
သခင်ကြီးရဲ့နားထဲမပေါက်ကြားရင်ရပြီ ကျဲဝေ့ဝေ့ဆီက ဒီကတိပဲတောင်းချင်တာ။''''ကောင်းပြီလေ...ကျဲကျဲ စိတ်ချပါ ဝေ့ဝေ့ ပေးတယ်...ဒါပေမဲ့ လန်သခင်လေးနဲ့ ဝေ့ဝေ့အနီးကပ်ဆက်နေချင်သေးတယ် ဒီတော့...''
''ရပြီဝေ့ဝေ့ ကျဲဒီလောက်ဆိုရင် သဘောပေါက်ပြီ။''
''အင်း...''(မချိုမချဥ်မျက်နှာပေးနဲ့ကဝေ့ရင်းပါ)
အဲ့ဒီညမှာတော့ သူတို့သုံးယောက်ဟာစကားပြောရင်း ကုန်ဆုံးခဲ့တော့သည်။
.
.
.
.
..ဝေ့ရင်းတစ်ယောက် သူ့ရဲ့အခန်းထဲကနေ အပြင်ကိုလုံးဝမထွက်ပဲ နေ့မအိပ်ညမအိပ်ပဲ အဆိပ်ဖြေဆေးကို စတင်ဖော်စပ်နေသည်မှာ ဒီနေ့နဲ့ဆိုရင်
တပတ်တိတိရှိပြီဖြစ်သည်။''ဒေါက်ဒေါက်ဒေါက်..''
''ဘယ်သူလဲ..အပြင်က''
''အကိုကြီးရန်ပါ ဝေ့ရင်း။''
''ဝင်လာခဲ့လေ အကိုကြီးရန်..''
. ဝေ့ရင်းတံခါးဖွင့်ပေးပြီးတာနဲ့ပြန်လည်၍တံခါးကိုပိတ်ထားခဲ့ပြန်တာကြောင့် လျန်ပေါင်တစ်ကောင် ဝင်ချိန်တောင်မရလိုက်ပါ။

ESTÁS LEYENDO
3life 3world love
Ficción históricaမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။