ဟွယ်ရုံအမတ်ကြီးရဲ့အိမ်တော်တွင်မူ..
''ဝေ့ဝေ့ အဖေခေါ်နေတယ် မြန်မြန်သွား။''
အိပ်ပုပ်ကြီးလှတဲ့သူ့မောင်ငယ်ကို ရန်လီ ခေါ်နှိုးနေမိတယ်။
''ကျဲ...ဝေ့ဝေ့အိပ်ရေးမဝသေးဘူးဆို။''
''ဝေ့ဝေ့..မဆိုးရဘူး ဒီနေ့ လန်အိမ်တော်က ဒုသခင်လေးပါ ပါလာမယ်ထင်တယ်။ကြည့်ရတာ အဖေက ဝေ့ဝေ့ကို ပညာတော်သင်ထည့်ပေးမလို့ထင်ပါရဲ့။''
''ဘယ်လို...အူဝါး...လန်အိမ်တော်ရဲ့စည်းကမ်းတွေကအရမ်းများတာကို ပညာတော်သင်ထည့်ပေးမလို့ ဟုတ်လား ကျဲ..ဝေ့ဝေ့မလိုက်ဘူး။''
ထိုသို့ပြောပြီး အိပ်ယာကအမြန်ထပြီး အဖေဖြစ်သူခေါ်ရာသို့ အမြန်ထွက်လာခဲ့တဲ့ ဝေ့ရင်း။
''အဖေ...ဝေ့ဝေ့ နိုးပြီ။''
ဟွယ်ရုံအမတ်ကြီးရဲ့ စကားက တစ်ခွန်းတည်းပါပဲ။
''ထိုင်..''
''ခဏနေရင် လန်စစ်သူကြီးနဲ့ သခင်လေးတို့ ရောက်လာလိမ့်မယ်။
ဝေ့ရင်း အဖေ့ကိုမျက်နှာပျက်ရအောင် ထပ်မလုပ်နဲ့။''''ဝေ့ဝေ့က ဘာလုပ်နေလို့လဲ အဖေ..''
''မင်းအကြောင်းငါသိတယ် ဝေ့ရင်း လန်သခင်လေးကို မစနောက်ရဘူးနော်။ပြီးတော့ မင်းတို့လူငယ်အချင်းချင်း သင့်မြတ်အောင်နေရမယ်။''
''ဝေ့ဝေ့ကတော့ သူနဲ့မသင့်မြတ်ချင်ပါဘူး။
အဲ့ဒီလန်သခင်လေးကအရမ်း မာနကြီးတယ်လို့ကျဲကပြောဖူးတယ်။''''ဝေ့ရင်း...မင်း..ပေါက်ကရတွေ မပြောစမ်းနဲ့
လန်စစ်သူကြီးရဲ့ ကျောင်းတော်မှာ မင်းပညာသင်ယူရမယ်မှတ်။''''ဟွန့်...ဝေ့ဝေ့ မသွားချင်ဘူး အဖေ..''
''သွားကိုသွားရမယ် ဒါငါ့အမိန့်ပဲဝေ့ရင်း။''
ဝေ့ရင်းကတော့ အမတ်ကြီးရဲ့အမိန့်ကိုနာမခံ..
အမြဲသူ့ဘက်ကပဲ တဖက်လူကို ဦးစွာ ပြသနာရှာလေ့ရှိသည်။
ခုလည်းပဲ အိမ်တော်ထဲမှာ သူဖွက်ထားတဲ့ ခွေးလေယားသီးအမှုန့်များကို တိတ်တဆိတ် ခါးကြားထဲမှာ ဖွက်ယူလာပြန်သည်။''အဖေ..ဝေ့ဝေ့ ဘယ်မှမသွားပါဘူး အိမ်တော်ထဲမှာပဲ ရှိနေမှာမို့ အဖေဝေ့ဝေ့ကို မဆူပါနဲ့။''
ESTÁS LEYENDO
3life 3world love
Ficción históricaမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။