ep(2)🍁

2.7K 151 6
                                    

အိပ်ယာထက် ဒဏ်ရာအရှိန်နဲ့ အဖျားဝင်နေတဲ့ ဖုန်းချင့်တစ်ယောက် ကိုယ်များတုန်ယင်သည်အထိပေ အဖျားကြီးနေခဲ့သည်။

"သခင်လေးရှောင်း...သခင်လေး.."

"ဘာဖြစ်လာတာလဲ..ငါ့ကိုမတရားအော်ခေါ်နေတာ ဘာအရေးကြီးနေလို့လဲ။"

"သခင်လေး..ဒဏ်ရာနဲ့ကောင်လေးက အဖျားတွေအရမ်းကြီးနေလို့.. အဲ့ဒါတချက်လောက်လိုက်ကြည့်ပေးပါ။"

"သမားတော်တွေက ဘာလုပ်နေကြတာ
ငါကသမားတော်မှ မဟုတ်တာ ငါကဆေးကုတတ်ပါ့မလား။"

"အဲ့လိုမျိုးတော့မဟုတ်ပါဘူး..သခင်လေး
ကြည့်မှ ရမဲ့ကိစ္စရှိသေးတယ်။"

"ဘယ်လို..ငါကြည့်မှ ရမဲ့ကိစ္စက ဘာတုန်းဟ..."

"အဲ့တစ်ယောက်ရဲ့ကိုယ်ပေါ်ကအမှတ်အသားက ဂိုဏ်းတစ်ခုခုကပဲ။"

"ဒါဆိုလဲ.. သွားမယ်.."

'ဟုတ်..သခင်လေး.."

အသက်သာငယ်တဲ့ ရှောင်းရူကဲလ်လေး
လောကထဲ ဘာကဘယ်လိုဆိုတာ သူ့လောက်သိတဲ့သူ မရှိနိုင်။
ဖုန်းချင့်ချီရဲ့ အဆောင်တော်ကိုရောက်တာနဲ့..သမားတော်က ဆေးကုနေတာမြင်တော့မှ သက်ပြင်းချလိုက်တဲ့ ရှောင်း..

"ဟူးး"

"သမားတော်ကြီး..အဲ့ဒီတစ်ယောက်ရဲ့ ဒဏ်ရာက ဘယ်လိုနေသေးလဲ သက်သာပြီလား။"

"သခင်လေး..သူကဒဏ်ရာအရှိန်နဲ့မို့ အဖျားကြီးသွားတာပါ..ကျန်တာတော့စိုးရိမ်စရာမရှိပါဘူး..ဒါပေမဲ့ သူ့ရဲ့ကိုယ်ပေါ်က အမှတ်အသားကတော့ ကျွန်တော်မျိုးလဲ မသိပါဘူး မြင်လဲမမြင်ဘူးပါ။"

"မှန်း..ငါကြည့်ကြည့်မယ်.."
ဖုန်းချင့်အနား တိုးကပ်သွားပြီး "ပခုံးပေါ်မှာ
ရိုက်နှိပ်ထားတဲ့ အမှတ်အသားက နှင်းဖြူပန်းတံဆိပ်.. ဒါကဘာလဲဆိုတာ ငါသိပြီ။"
"သူက ဂိုဏ်းချုပ်တစ်ယောက်ပဲ သမားတော်ကြီး သူ့ကိုအမြန်ဆုံးသက်သာလာအောင် ကုသပေးပါ။"

"ဟုတ်ကဲ့..သခင်လေး.."

တစ်ဖက်မှာတော့..ရှထန်ပြည်ရဲ့ ပိုင်ဂိုဏ်းချုပ်ကြီးနဲ့ သားဖြစ်သူတို့ ပျောက်ဆုံးနေတာကို ရှာဖွေနေကြတဲ့ ပိုင်ဂိုဏ်းသားများ။

3life 3world loveDove le storie prendono vita. Scoprilo ora