''အလှလေး...လာပါမကြောက်ပါနဲ့။''
ဝေ့ခုံးရန်မှာ စိတ်ထဲအနည်းငယ်ကြောက်သွားမိပေမဲ့ ထိုလူခေါ်ရာသို့သွားရပြန်သည်။
''ဒီလိုမှပေါ့ကွာ.. အလှလေးကအရမ်းပါးနပ်တာပဲ။
အလှလေး...မင်းရဲ့ရနံ့လေးက အရမ်းမွှေးတာပဲ အရမ်းကြိုက်မိသွားပြီ။''သူ့ပေါင်ပေါ်ကကိုယ်လုံးလေးကို ခါးမှသိမ်းဖက်ထားရင်း လည်ဂုတ်နားနားသို့ကပ်ကာ ထိုစကားကိုဆိုလာတဲ့အတွက်
ဝေ့ခုံးရန်ရဲ့ စိတ်ထဲ သူ့ရှေ့မှလူအားသတ်ချင်နေတော့တယ်။'အရူးကောင် ငါ့ကို မဖွယ်မရာလုပ်ချင်နေတာအသိသာကြီးဟာ..ဟမ့်'
''လွှတ်ပါ အရှင့်သားရဲ့ နေရခက်တယ်။''
ထိုသို့ပြောကာ ရုန်းထွက်ရင်း သူ့ခါးကြားထဲမှ တံဆိတ်ပြားလေးတစ်ခု ကြမ်းပြင်ပေါ်သို့ကျသွားလေသည်။''ဒုတ်..''
'သွားပြီ ငါတော့'
ဝေ့ခုံးရန်သူ့ရဲ့ပစ္စည်းလေးကိုကောက်ဖို့အလုပ် လီမန်ပင်းက သူ့အစွမ်းတို့ဖြင့်
လက်ဦးစွာ ကောက်လိုက်ပြန်သည်။ကောင်းကင်မင်းကြီး၏တံဆိတ်ပြားကိုသူမှတ်မိသည်မို့...နှုတ်မှ
''ရန်ရန်..မင်းမဟုတ်လား။''
''ဘာ..ဘာကိုရန်ရန်လဲ။''
''အဟက် မင်းဟန်ဆောင်ထားတာကိုယ်သိတယ် အရင်ပုံကိုပြန်ပြောင်းလိုက်တော့
ရန်ရန်။''''မင်းသိသွားပြီဆိုတော့လည်း ငါဟန်မဆောင်တော့ဘူး လီမန်ပင်း။''
''အဟက်..ကောင်းကင်အရှင်ကစွာနေတုန်းပဲနော် ကဲလာရင်းကိစ္စ ပြော။''
''မင်းဆီကသလင်းနက်ကျောက်ခဏငှားချင်လို့။''
''အော်...ဒီလိုလား''
''အပေးအယူကရော ရန်ရန်။''''မင်းအခုထိ... ငါ့ကိုဘာလုပ်စေချင်တာလဲလီမန်ပင်း။''
''ကိုယ်မင်းနဲ့လက်ထပ်ချင်တယ်ရန်ရန်။''
''ဘာ...မဖြစ်နိုင်တာကြီးကို။''
ထိုစကားကိုကြားတော့..
မိုးကြိုးဒဏ်ကို အကြိမ်ပေါင်းများစွာခံစားလိုက်ရသည့်နှယ် ဝေ့ခုံးရန်တုန်လှုတ်သွားမိလေတယ်။

ESTÁS LEYENDO
3life 3world love
Ficción históricaမှော်ဆန်ဆန်အချစ်ဇာတ်လမ်းပုံစံရေးပေးသွားမှာပါ။ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေလိုချင်းမရှိပါ..မရည်ရွယ်ပါ။