ep(17)🍁

611 44 2
                                    

ထင်းခုတ်သမားလင်မယားနှစ်ယောက်နဲ့အတူ ဟွိုင်နန်းမြို့ဆီကို အတူလိုက်ပါလာမိတဲ့ဝေ့ရင်း။
ခုချိန်မှာ အတိတ်တွေအားလုံးကို ဘာတခုမှသူမသိတော့ပြီမို့ သူ့အမည်နာမကိုတောင်သူမသိတဲ့ဝေ့ရင်း..ဒါကြောင့်ပဲ
ခေါက်ဆွဲပြုတ်ဆိုင်လေးဖွင့်ထားတဲ့ လင်မယားက ဝေ့ရင်းကို ကောင်ချောလေးလို့အမည်ပေးထါးခြင်းပါ။
လိုအပ်တဲ့ထင်းတွေကို ကိုယ်တိုင်ကိုယ်ကျပဲ သွားရောက်ခုတ်သယ်တဲ့လင်မယားမှာ
သားသမီးရယ်လို့မရှိပါဘူး။
အသက်က ၄၅ဝန်းကျင်လောက်ရှိကြပေမဲ့
စိတ်သဘောထားကောင်းမွန်ကြရှာတယ်။

''ကောင်ချောလေး မြန်မြန်လာ ခေါက်ဆွဲပြုတ်ကိုပူတုန်းစား.. ပြီးရင် အင်ကျီဆိုင်မှာ
လှလှပပအဝတ်အစားတွေ လိုက်ဝယ်ပေးမယ် ဟုတ်ပြီလား။''

''ဟုတ်..''

မျက်လုံးဝိုင်းလေးများနဲ့ ပြန်ဖြေပြီး အရှေ့ကခေါက်ဆွဲပြုတ်ပန်ကန်ကိုယူပြီး အားရပါးရစားနေတဲ့ဝေ့ရင်း..
''ရှလွတ်..ဟူး..ရှဲ..ဟူးဟူး..ရှလွတ်
ကောင်းတယ် စားလို့..''

ဝေ့ရင်းစားနေတာကို အပြုံးများစွာနဲ့ကြည့်နေမိတဲ့ ဆိုင်ရှင်မိန်းမကြီးဟာ သားသမီးမရှိတော့ သားသမီးအရင်းချာလိုဝေ့ရင်းအပေါ်ကို သူမရဲ့မေတ္တာတွေပေးချင်နေမိတယ်။

''ယောကျာ်း ကောင်ချောလေးက တော်တော်လေးဗိုက်ဆာနေတာဖြစ်ရမယ်။''

''ရှင်မရယ် တောကြီးထဲမှာ ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရမှန်း တို့ဇနီးမောင်နှံဘယ်သိပါ့မလဲ။
ကောင်ချောလေးကို မွေးစားကြတာပေါ့..
ရုပ်ရည်လေးကသန့်ပြန့်နေတဲ့အတွက်
ကိုယ်တို့ဇနီးမောင်နှံတော့ ဂုဏ်ယူရမှာပဲ။''

''ဟုတ်ပါ့တော်...ဒါနဲ့ယောကျာ်း
ဝက်စုဗူးလေးထဲက အသပြာတွေကိုယူပြီးတော့ ကောင်ချောလေးအတွက် အဝတ်အစားလိုက်ဝယ်ပေးလိုက်ပါ။
မကြာခင် လပြည့်တော့မှာ..
ဒီနှစ်ရဲ့ ပထဦးဆုံးကြယ်စင်ပန်းပွင့်တာကို
ယုန်ဖြူတောင်တန်းကဘုံကျောင်းကြီးမှာ
သွားကြည့်ကြမယ်လေ..ကောင်ချောလေးကိုပါ အတူခေါ်သွားကြမယ်။''

''ရှင်မရဲ့သဘောပါကွာ..
ကဲ ကောင်ချောလေးကို အပြင်ခဏခေါ်သွားအုံးမယ်နော်..''

3life 3world loveOnde histórias criam vida. Descubra agora