𝐔𝐍𝐈𝐂𝐎𝐃𝐄
မှောင်နက်မဲမဲဖြစ်နေသော
ရာသီဥတုနဲ့အတူ
အဆက်မပြတ် ရွာသွန်းနေခဲ့သည့်မိုးက
ပတ်ဝန်းကျင်ကို ပိုခြောက်ခြားဖွယ်ကောင်းအောင်
လုပ်နေခဲ့သည်။ချစ်ရသူကို စောင့်နေကြလမ်းထိပ်ကနေ
ဂျောင်ဂုစောင့်နေမိပေမယ့်
သူစောင့်မျှော်နေရသည့်သူက
တော်တော်နဲ့ပေါ်မလာခဲ့။
အချိန်တွေအကြာကြီးကြာမှ
သူ့ချစ်သူက ထွက်ပေါ်လာသည်။အဝါရောင်ထီးလေးကို ဆောင်းကာ
သူ့ဆီလာနေသည့် ချစ်ရသူကြောင့်
ဂျောင်ဂု ပျော်မိသွားပေမယ့်
သူ့ချစ်သူကတော့ စိတ်မကြည်စွာပင်"ဒီကိုမလာနဲ့တော့လို့
ငါမင်းကိုပြောထားတယ်လေ။
ဘာလို့မနာခံရတာလဲ။
ငါ့ကိုချစ်တယ်ဆိုတာကော
ဟုတ်ရဲ့လား။""ထယ့်ကိုချစ်လို့ ကျွန်တော်လာခဲ့တာလေ
ထယ်ရယ်။ ဘာလို့စိမ်းကားရပြန်တာလဲ။""မင်းငါ့ကို အဲ့လိုမခေါ်ဖို့
ငါပြောထားတယ်လေ။
ငါက မကြာခင်လက်ထပ်ရတော့မယ်ဆိုတာကို
မင်းမသိဘူးလား။
ပြီးတော့ငါနဲ့ လက်ထပ်ရမယ့်သူကိုလဲ
မင်းသိရက်သားနဲ့ အခုလိုတွေ
လာလုပ်နေတယ်ဆိုတော့
မင်းမှာ အသိစိတ်ရော ရှိသေးရဲ့လား။""ကျွန်တော့်ကို အခုလိုစကားတွေနဲ့
နားလည်အောင်လုပ်လို့ မရဘူးထယ်။
ကျွန်တော် ထယ့်ကိုချစ်တယ်။
ထယ်ကလဲ ကျွန်တော့်ကိုပဲ ချစ်တာမလား။
ကျွန်တော်တို့နှစ်ယောက်အတူ
ထွက်ပြေးကြရအောင်နော်။
နှစ်ယောက်လုံးအတွက်
ခက်ခဲလိမ့်မယ်ဆိုပေမယ့်
ထယ့်ကိုနောင်တမရအောင် ကျွန်တော်က
ထားပေးမှာပါ။ ကျွန်တော်
ထယ့်ကိုအဆုံးရှုံးမခံနိုင်ဘူး။""တော်လိုက်တော့ ဂျောင်ဂု။
အခုထိကို မိဘဆီက လက်ဖြန့်တောင်းနေရတဲ့
မင်းလိုကောင်က ငါနဲ့အတူ
ထွက်ပြေးဖို့ပါးစပ်ကနေ
ဘယ်လိုအသိနဲ့များ ပြောထွက်တာလဲ။
မင်းအတွက်ကတော့
ဘာဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်ဆိုပေမယ့်
ငါကတော့ ငါ့မိသားစုကို ထားပြီး
မင်းလို ပိုင်ဆိုင်မှုမရှိတဲ့
သူဌေးသားနောက်ကို မလိုက်နိုင်ဘူး။"
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...