𝐔𝐍𝐈𝐂𝐎𝐃𝐄
ဒီနေ့က အလုပ်နားရက်မလို့
ခါတိုင်းနဲ့မတူဘဲ ဂျောင်ဂု
တစ်ယောက် နောက်ကျမှ
အိပ်ယာထဖြစ်သည်။ ဘေးနားက
ထယ်ယောင်းကို ကြည့်မိတော့
နေရာလွတ်နေတာကြောင့်
ထသွားပြီမှန်း သိလိုက်သည်။ခါတိုင်းရက်တွေဆို သူက
စောနိုးတတ်ပေမယ့် ပိတ်ရက်တွေ
ရောက်ပြီဆိုရင်တော့ သူက
ထယ်ယောင်းထက် နောက်ကျတတ်သည်။သူနိုးပြီး မကြာခင်မှာဘဲ
ပွင့်လာတဲ့ရေချိုးခန်းတံခါးနဲ့အတူ
ကိုယ်လက်သန့်စင်ပြီး ထွက်လာတဲ့
ထယ်ယောင်း။ တစ်ခါတစ်ခါမှာ
တိုကပ်နေတဲ့ဘောင်းဘီတိုလေးနဲ့
သူနဲ့ဆိုကြီးနေတဲ့ ဂျောင်ဂုရဲ့အင်္ကျီကို
ယူကာ တွဲပြီးဝတ်လေ့ရှိတဲ့
ထယ်ယောင်းဟာ ရိုးရိုးရှင်းရှင်းလေးနဲ့ကို
ဆွဲဆောင်မှု ရှိလွန်းနေပြန်သည်။သပတ်မိုးပြာရောင်လေးနဲ့
ပန်းရောင်သန်းနေတဲ့သူ့မျက်နှာ
နုနုဖူးဖူးလေးကို သုတ်နေသည်။
သူနိုးနေတာကို မြင်တော့"ကိုကိုတောင် နိုးနေပြီဘဲ။
မျက်နှာသွားသစ်၊ ပြီးရင်
မနက်စာ သွားစားကြမယ်လေ။"ထယ်ယောင်းက သူ့နားကိုကပ်ထိုင်ရင်း
စကားဆိုလာတော့ ဂျောင်ဂုတစ်ယောက်
ထယ်ယောင်းကို သူ့နားပိုနီးကပ်အောင်
ဆွဲယူလိုက်သည်။ ထယ်ယောင်းကတော့
သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေ
ပြန်ကြည့်နေခဲ့သည်။အဲ့မျက်ဝန်းလေး၊ အကြည့်လေးတွေက
ဂျောင်ဂုကို အပြောင်းလဲကြီးပြောင်းလဲအောင်
လုပ်နိုင်ခဲ့တာပင်။ ထယ်ယောင်းကို
သူချစ်လာမိတာက အခုလို
ဖြူစင်ပြီးကြည်လဲ့နေတဲ့ ထယ်ယောင်းရဲ့
အကြည့်တွေကြောင့်ပင်။"မျက်နှာ သွားသစ်တော့လေ။
ကိုကိုရဲ့။ ဘာလို့အခုလိုကြီး
နေနေတာလဲ။"သူ့ရဲ့ စူးရဲတဲ့အကြည့်တွေကြား
အခုထိကို မနေတတ်သေးတဲ့
ထယ်ယောင်းက သူ့ကိုအနေခက်နေတဲ့
လေသံလေးနဲ့ သတိစကားဆိုလာလေသည်။
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...