𝐔𝐍𝐈𝐂𝐎𝐃𝐄
"အစကတော့မပြောဘူးလို့တွေးထားပေမယ့်
ပြောရဦးမယ်။ ကျွန်မအလှည့်တုန်းကကျ
ဘာမဟုတ်တဲ့ပိုက်ဆံပဲပေးပြီး ကွာရှင်းခဲ့တယ်။
အခုနောက်ယောက်ျားကျတော့ တော်တော်လေး
ရက်ရက်ရောရောပေးကမ်းပစ်လိုက်တာဘဲ။
ဘာလို့လဲ။ သူကရှင့်သွေးသားကိုလွယ်ထားရတယ်ဆိုရင် ကျွန်မကရှင့်အတွက်သားတစ်ယောက်
မွေးပေးခဲ့တာလေ။""အမေ ဘာလို့အခုလိုပြောနေရတာလဲ"
"သားဝင်မပြောနဲ့။ ဒီကိစ္စကအမေတို့
လူကြီးတွေရဲ့ကိစ္စ။ ပြီးတော့ သားကိုလဲအမေ
စိတ်ပျက်မိတယ်။ ကွာရှင်းလိုက်တာနဲ့ဘဲ
အိမ်ထောင်ဖက်ကိုပိုင်ဆိုင်တွေအများကြီးပေးလိုက်ရလား။ မင်းယောက်ျားဆိုတဲ့ကောင်လေးရော၊
မင်းအဖေယောက်ျားရောက အိမ်ထောင်သက်
တစ်လျှောက်မင်းတို့လုပ်စာထိုင်စားခဲ့ကြတာလေ။
အဲ့ဒါဆို ကွဲတဲ့ကွာတဲ့အချိန်ကျ ပိုက်ဆံအသာစီး
ယူသွားတယ်။ ဒါကဖြစ်မှမဖြစ်သင့်တာ။"အမေ့ရဲ့စကားအဆုံး ဂျောင်ဂုတစ်ယောက်
steak လှီးနေတဲ့ဓါးကိုစားပွဲပေါ်ခပ်ပြင်းပြင်း
ပစ်ချလိုက်တယ်။ ဒါပေမယ့်ဘာအသံမှတော့
ကျယ်ကျယ်လောင်လောင်ထွက်သွားမည်မဟုတ်။
အဲအအစားသူ့သက်ပြင်းချသံအကျယ်ကြီးကတော့
ကောင်းကောင်းထွက်ပေါ်လာသည်။ထယ်ယောင်းနဲ့သူကွာရှင်းပြီးနောက်နှစ်ရက်လောက်
အကြာမှာ မတွေ့ရတာဆယ်စုနှစ်ကျော်နေပြီဖြစ်တဲ့
အမေကသူ့အိမ်ဆီရောက်လို့လာခဲ့သည်။
အမေကသူတစ်ယောက်တည်းလာတာမဟုတ်။
သူ့နောက်ယောက်ျားနဲ့ အဲ့ယောက်ျားမှာပါတဲ့
ကလေးနှစ်ယောက်ကိုပါခေါ်ပြီးရောက်ချလာတာပင်။အဖေနဲ့ကွာရှင်းပြီးနောက် သူ့လက်ထပ်ပွဲကိုတောင်
ဖိတ်လို့မရနိုင်လောက်တဲ့အထိ အစရှာမရခဲ့တဲ့အမေက
US မှာအခြေချနေတယ်ဆိုတာကို ပြောပြလာတယ်။
နောက်တစ်ချက် အမေနဲ့လက်ထပ်ထားတဲ့လူက
အမေ့ထက်ဆယ်နှစ်ကျော်ငယ်တဲ့ ဂျပန်လူမျိုးတစ်ယောက်။ အမေရော၊ထိုလူရောက တစ်ခုလပ်တွေ
ဖြစ်ပြီးမှတွေ့ကြတဲ့သဘောပင်။
BẠN ĐANG ĐỌC
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...