𝐔𝐍𝐈𝐂𝐎𝐃𝐄
တစ်ခန်းစီခွဲပြီးနေရင် သူ့အတွက်အများကြီး
လွတ်လပ်သွားမှာဖြစ်ပြီး ဂျွန်ဂျောင်ဂုကိုတော့
အများကြီးစိတ်ကသိကအောက်ဖြစ်အောင်
လုပ်နိုင်မယ်လို့ထယ်ယောင်းထင်ခဲ့မိသည်။
သူခန့်မှန်းချက်ကမှန်သင့်သလောက်တော့မှန်ခဲ့ပါတယ်ဂျွန်ဂျောင်ဂုကြည့်ရတာ သူနဲ့တစ်ခန်းစီ
ခွဲအိပ်နေရလို့တော်တော်လေး မနေတတ်၊မထိုင်တတ်
ဖြစ်နေပုံပေါ်သည်။ သို့သော်လဲသူ့အတွေးက
တစ်ဝက်ပဲမှန်ခဲ့သည်။ တစ်ခန်းတည်းအတူမအိပ်ဖို့ကိုသာ တောင်းဆိုမိပြီး တစ်ယောက်တည်းထမင်း
စားဖို့တို့၊စကားမပြောဖို့တို့စတဲ့အရာတွေကိုပါ
မတောင်းဆိုခဲ့မိတာ သိပ်ကိုမှားလို့သွားခဲ့သည်။သူ့ကြောင့်အခက်မတွေ့ဘူးလားဆိုတဲ့တွေ့တယ်။
ကြားထဲပြဿနာတွေအများကြီး
ဖြစ်ပျက်နေရင်းမှ ဘာစိတ်ကူးတွေပေါက်သွားမှန်း
မသိတဲ့ဂျွန်ဂျောင်ဂုဟာ ဆယ်ကျော်သက်အရွယ်
ယောက်ျားတစ်ယောက်က သူကြိုက်နေတဲ့သူကို
မရရအောင်လိုက်နေတဲ့အချိုးမျိုး ဂျောင်ဂုက
ချိုးလို့လာသည်။အမြဲတမ်းတည်တည်တံ့တံ့နေတတ်တဲ့ ဂျွန်ဂျောင်ဂုက
သူနဲ့တွေ့ပြီဆိုတာနဲ့ ပြုံးပန်းဝေနေတဲ့
မျက်နှာထားကြီးနဲ့သူ့ကိုဂရုမစိုက်စိုက်အောင်
လုပ်နေတဲ့အပြုအမူကြီးတွေက တခြားတစ်ယောက်
ဝင်ပူးနေရသလားအောက်မေ့ရတယ်။ဘယ်လိုစိတ်ကူးတွေပေါက်ပြီး အခုလိုတွေ
လုပ်နေရတာလဲ။"ကြက်ဥမွှေကြော်က ဘယ်လိုနေလဲ။
နောက်ဆို ယောင်းအတွက်ကိုယ်ကိုယ်တိုင်
ဟင်းချက်ပေးတော့မယ် ""မစားချင်ဘူး"
"ကြက်ဥမွှေကြော်က အရသာမရှိလို့လား"
"ဟုတ်တယ်
ပြီးတော့ ဒီလောက်ကလေးလုပ်တတ်ရုံနဲ့
ဟင်းချက်ကျွေးမယ်တဲ့လား။
အရေးမပါတာတွေ မလုပ်စမ်းပါနဲ့။
ခင်ဗျားမပီသအောင်"ဂျောင်ဂုရဲ့ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုဖို့
နေနေသာသာ တစ်ခုမကျန်အပြစ်ပြောလို့နေသည့်
ထယ်ယောင်း။ ဒီ့အတွက်ဂျောင်ဂုမှာ
စိတ်မဆိုးအား။ မျက်နှာပျက်ဖို့ဆိုတာအဝေးကြီး။
ထယ်ယောင်းငယ်ဘက် တစ်ခွန်းမကျန်
တုံ့ပြန်ပေးတာကိုပဲ ကျေးဇူးတင်လို့မဆုံး။
ESTÁS LEYENDO
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanficကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...