Unicode
ရင်ထဲမှာတစ်ခုခု လစ်ဟာနေတဲ့ခံစားချက်ကြီးနဲ့
ဂျောင်ဂုနိုးလာမိတယ်။ သူ့ဘေးဘက်က
ထယ်ယောင်းရဲ့နေရာလွတ်ကိုကြည့်ရင်း
သူ့ရင်ထဲ ဟာတာတာဖြစ်နေတဲ့အကြောင်းကို
သိသွားတယ်။ ညတုန်းကအရက်သောက်ပြီးရင်
ထယ်ယောင်းဆီကိုသွားကြည့်မယ်လို့
စဥ်းစားထားခဲ့ပေမယ့် အခုနိုးလာတော့ကျ
ထယ်ယောင်းဆီ သွားခဲ့လား၊မသွားခဲ့ဘူးလားဆိုတာ
သူမမှတ်မိတော့။ဘယ်အချိန်ပဲသောက်သောက်
အရက်ဆိုတဲ့အရာကိုသောက်ပြီးရင်
သူ့ကိုယ်သူဘာလုပ်လို့လုပ်မိမှန်း သူတကယ်မသိပါလား။
ကိုယ့်ကိုယ်ကို အရင်ဆုံးကိုယ်၊လက်သန့်စင်လိုက်ပြီးမှ
ထယ်ယောင်းရှိနေမယ့်စာဖတ်ခန်းဆီဦးတည်လိုက်သည်။
ဒီနေ့က အလုပ်ဖွင့်တဲ့ရက်မို့လို့သူစောနိုးနေသည်။
ခါတိုင်းတော့ ဒီအချိန်ထယ်ယောင်းကမနိုးသေး။စာဖတ်ခန်းမရောက်သေးခင်မှာဘဲ
မီးဖိုချောင်ထဲကနေ ကြားနေရတဲ့
ထယ်ယောင်းရဲ့အသံလေးတွေကြောင့်
မီးဖိုချောင်ထဲသွားကြည့်မိတော့ ညတုန်းက
သူစားသောက်ထားတဲ့အရာတွေကို
ရှင်းလင်းနေတဲ့ ထယ်ယောင်း။
လင်းနေတဲ့မျက်နှာနုနုလေးက ဝမ်းနည်းနေတယ်ဆိုတာ
သိသာနေတာမို့လို့ ဂျောင်ဂုရင်ထဲမကောင်း။ထယ်ယောင်းကို သူပျော်စေချင်ပေမယ့်
သူကိုယ်တိုင်မတားနိုင်တဲ့ ကံဇာတ်ဆရာက
ထယ်ယောင်းကိုစိတ်ညစ်အောင် တစ်နည်းမဟုတ်
တစ်နည်းဒုက္ခပေးနေသည်။
အမြည်းထည့်ထားတဲ့ပန်းကန်တွေပိုဆေးနေတဲ့
ထယ်ယောင်းရဲ့ကိုယ်လုံးလေးကို
အနောက်ကနေဖက်ထားလိုက်ပြီး"အလုပ်သမားတွေကို ခိုင်းလို့ရနေတဲ့ဟာတွေကို
ဘာလို့ကိုယ်တိုင်လုပ်နေတာလဲ ထယ်ရဲ့။
နေလို့ရော ကောင်းရဲ့လား။"ထယ်ယောင်းက ခေါင်းပဲငြိမ့်ပြပေမယ့်
ဒီလောက်ကလေးတုံ့ပြန်တာကိုပဲဂျောင်ဂုကျေနပ်ပါသည်။ အခုအချိန်မှာ သူသိလာရတာက
သူ့အနေနဲ့ ထယ်ယောင်းရဲ့သေးငယ်တဲ့
ဂရုစိုက်မှုလေးတွေကိုကအစ တပ်မက်တယ်ဆိုတာကိုပင်။ သူ့ကိုဒေါသထွက်နေတာတောင် မဟုတ်ဘဲ
ထယ်ယောင်းမျက်နှာမကြည်ရင် သူ့မှာဗျာများရသည်။
KAMU SEDANG MEMBACA
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fiksi Penggemarကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...