𝐔𝐍𝐈𝐂𝐎𝐃𝐄
ဖွဲဖွဲလေးကျနေတဲ့အနေအထားကနေ
ကြမ်းတမ်းတဲ့အသွင်ကိုပြောင်းကာ သည်းကြီးမည်းကြီး
ရွာချပါလေသောမိုးသည် အကြီးအကျယ်
စိတ်သောကရောက်နေသောဂျောင်ဂုကို
လှောင်ပြောင်နေသလိုလိုပင်။စိတ်ခံစားချက်ပြင်းထန်နေတဲ့သူကို
သွားလှောင်မိရင်အဲ့လူရဲ့လက်ရှိခံစားချက်တွေဟာ
နှစ်ဆပြင်းထန်သွားရနိုင်သည်။
ထို့ကြောင့်ထယ်ယောင်းနှုတ်ကထွက်လာတဲ့
ရက်စက်လွန်းသည့်စကားကြောင့်
ကြောက်ရွံ့မှုတွေ၊ဝမ်းနည်းမှုတွေခံစားနေရတဲ့ဂျောင်ဂု
အနေနဲ့ဖြင့် မိုးရေစက်တွေရဲ့လှောင်ပြောင်မှုကြား
မရှူနိုင်၊မကယ်နိုင်လောက်အောင်ကို
ခံစားချက်တွေပြင်းထန်နေခဲ့သည်။သူမှားခဲ့တယ်ဆိုတာ သိပါတယ်။
ဘယ်သူမှမကျူးလွန်လောက်တဲ့အမှားမျိုးကို
သူကျူးလွန်ခဲ့မိတယ်။ ကိုယ့်ကိုစွန့်ပစ်သွားတဲ့
လူအတွက်ခံစားကာ ကိုယ့်ကိုတကယ်ချစ်တဲ့
လူအပေါ်လှည့်စားခဲ့မိတယ်။အဲ့အတွက်သူအကြိမ်ကြိမ်အခါခါနောင်တရပြီးပြီလေ
ထယ်ယောင်းအရိပ်အခြေကိုကြည့်နေထိုင်ရင်း
စိတ်ထဲအနေခက်ရင်တောင် သူလေးအဆင်ပြေပါစေ
ဆိုတဲ့စိတ်နဲ့သူ့အချစ်တွေကို အသိအမှတ်ပြုခံရအောင်
ကြိုစားခဲ့တယ်။ ကွာရှင်းဖို့ဆိုတဲ့အရာအတွက်
သူ့ဘက်ကဘယ်လိုမှအသင့်မဖြစ်တာကြောင့်
အရာရာကိုထယ်ယောင်းအလိုကျ လိုက်လျောခဲ့တယ်။ဒါတောင်မှလေ
ထယ်ယောင်းငယ်ရဲ့နှုတ်က ကွာရှင်းဖို့စကား
ထွက်လာသည်တဲ့လား။ တကယ်လို့ပြောခဲ့မယ်ဆိုရင်တောင် ဒီလောက်မမြန်သင့်ဘူးလေ။"အစကတော့ ဒီညတစ်ညလုံး
ခင်ဗျားကိုစိတ်ပျော်အောင် ထားပေးမလို့ဘဲ။
ဒါပေမယ့် ခင်ဗျားစိတ်ခံစားချက်တွေကို
ကစားမိသလိုဖြစ်သွားမှာစိုးလို့
အခုပဲပြောလိုက်တာ။
ခင်ဗျားဆန္ဒကိုမမေးဘူး။
ကွာရှင်းမယ်ဆိုတာကို သတိပေးပြီးသွားပြီမို့ဒီတစ်ပတ်အတွင်းကျွန်တော်တို့အဆုံးသတ်ကြရအောင်"
DU LIEST GERADE
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...