𝐒 𝐔 𝐁 𝐒 𝐓 𝐈 𝐓 𝐔 𝐓 𝐈 𝐎 𝐍 : 9

3.7K 381 9
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

အစ်ကိုဖြစ်သူရဲ့ မတရားခံရမှုကို
မ​ကျေနပ်​​ကြောင်းသွား​ပြောဖို့ ​တွေးထားခဲ့​ပေမယ့်
တကယ်လဲ ​အဲ့အိမ်ကို​ရောက်သွား​တော့
ထယ်​ယောင်းအ​နေနဲ့
ဘာဆိုဘာမှ မတုံ့ပြန်မ​ပြောဆိုနိုင်ခဲ့။
မတုံ့ပြန်နိုင်ခဲ့ရုံတင်မက ​လူကို​ဘေးကြပ်နံကြပ်
ဖြစ်​စေသည့် ​ရွေးချယ်ခွင့်တစ်ခုကိုပါ
အဆစ်ရလိုက်ပါ​သေးသည်။
သူဘာဆိုဘာလုပ်ရမှန်းကိုမသိ​တော့ပါ။

သူတကယ်​ဝေခွဲမရဘူး။
ဒီပြဿနာက အချိန်ယူပြီး​ဖြေရှင်းလို့လဲ
ရမှာမဟုတ်ဘူးဆိုတာ သူ​ကောင်း​ကောင်းသိသည်။
အဘယ်​ကြောင့်ဆို​သော် သူ့အ​နေနဲ့
သူကိုယ်တိုင်​ရော၊အစ်ကိုဖြစ်သူကို​ရောပါ
ဂျွန်​ဂျောင်ဂုတို့သားအဖရဲ့
လက်​အောက်က​နေ လွတ်​မြောက်​စေချင်တာ​ကြောင့်ပင်။

က​လေးသာရှိလာခဲ့ရင် သူတို့နှစ်​ယောက်လုံး
လွတ်​မြောက်နိုင်​တော့မည်မဟုတ်။
​တွေး​ရင်း​တွေးရင်းနဲ့ အကြပ်ရိုက်​နေရရှာသည့်
ထယ်​ယောင်းသည် မ​တွေးသင့်တဲ့
အကြံအစည်​တွေကိုပါ ကြံစည်​​တွေး​တောလာမိသည်။

သူဟာ ယုတ်မာ​ကောက်ကျစ်တဲ့အ​တွေး​တွေကို
​တွေးတတ်တဲ့လူတစ်​ယောက်မဟုတ်​သော်ငြားလည်း
ဘယ်လိုနည်းနဲ့မှ လွတ်​မြောက်နိုင်ခွင့်ရှိပုံ
မ​ပေါ်​တော့သည့် သူတို့ညီအစ်ကို
နှစ်​ယောက်အတွက် မဟုတ်မဟတ်အကြံ​တွေကို
သူ​တွေးလာမိသည်။

ထယ်​ယောင်းအ​နေနဲ့ သူ့ဘာသာအ​တွေးလွန်​နေသလို
တစ်ဖက်က ​ဂျောင်ဂုမှာလဲ ​အ​ဖေတို့အိမ်က
ပြန်လာကတည်းက မျက်နှာမသာမယာ
ဖြစ်​နေရရှာသည့် သူ့က​လေးငယ်အတွက်
စိတ်ထဲမ​ကောင်း​ပေ။ သူဘာလုပ်​ပေးရမလဲ
ဆိုတာကိုပင် သူမသိတာမလို့ ပိုပြီးစိတ်တိုမိသည်။

ထယ်​ယောင်းကြည့်ရတာ တမှိုင်မှိုင်တ​တွေ​တွေဖြင့်
ဘာဖြစ်​နေတယ်ဆိုတာဟာ ခန့်မှန်းရခက်လှသည်မလို့
ကုတင်​ပေါ်မှာ ဒူးပိုက်ထိုင်​နေတဲ့
သူ့​ကောက်​လေးအနားကို သွားထိုင်ကာ

"ဘာဖြစ်​နေတာလဲ ထယ်။
မျက်နှာလဲမ​ကောင်းဘူး။ အ​ဖေက
ဘာ​တွေ​ပြောလိုက်လို့လဲ။"

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Wo Geschichten leben. Entdecke jetzt