𝐔𝐍𝐈𝐂𝐎𝐃𝐄
လုံးဝလက်မခံနိုင်သည့်ကိစ္စကြီးကို ငြင်းမရသည်မို့
လက်မခံချင်ဘဲလက်ခံလိုက်ရတဲ့ ထယ်ယောင်းသည်
မျက်နှာကြီးက သုန်မှုန်လျက်ရှိသည်။ သူတို့ကို
တည်းခိုင်းတဲ့ အခန်းထဲကိုခြေသံပြင်းပြင်းနဲ့
ဝင်ပြီးနှုတ်ခမ်းကြီးကို ထူနေအောင်ထော်ထားတာ
လေးကအစ အသည်းယားစရာလေးပင်။လူကြီးရုပ်လေးပေါက်အောင် ဝတ်လာခဲ့တဲ့
အညိုရောင် long coat လေးကို ဒေါသတကြီး
ချွတ်လွှင့်ပစ်လိုက်တဲ့ပေါက်စပုံစံက တကယ့်ကို
အသည်းယားဖို့ကောင်းလွန်းလှသည်။
အောက်မှာဝတ်ထားတဲ့အဖြူရောင်ရှပ်အင်္ကျီလေးနဲ့
ရှင်းသန့်ပြီးချစ်ဖို့ကောင်းနေတဲ့ထယ်ယောင်းက
ဒေါသဖြစ်နေတာတောင် ဖျစ်ညှစ်ပစ်ချင်စရာ
ကောင်းတုန်းပင်။ ဒေါသဖြစ်နေတယ်လို့ကိုမထင်ရ။ဂျောင်ဂုအနေနဲ့ကတော့ ထယ်ယောင်းသူ့ကို
ဒေါသဖြစ်စိတ်ဆိုးမှာကို စိတ်မဖြောင့်နေရာက
အရမ်းကိုချစ်ဖို့ကောင်းနေတဲ့ဒေါသအိုးလေးကြောင့်
ပြုံးလို့သွားမိသည်။ ဒီလိုဖြစ်အောင်သူလုပ်ခဲ့တာ
မဟုတ်ပေမယ့် ဒီလိုဖြစ်တာကိုကျေနပ်မိတာတော့အမှန်။ သူ့ကိုစဖိတ်ကတည်းကသူတို့ဆီမှာ
တစ်ညတည်းသွားဖို့အတွက်ပါ သူငယ်ချင်းအတွဲက
တစ်ပါတည်းဖိတ်ထားတာပင်။ အဲ့ဒါကိုမေ့လျော့ကာ
မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းစုံတွဲကို
ထယ်ယောင်းနဲ့အတူပြန်တွေ့ချင်တဲ့စိတ်ကြောင့်
မရမက ခေါ်လာမိခဲ့တာပင်။အခုလို အခွင့်အရေးယူဖို့တော့စိတ်ကူးမရှိခဲ့တာ
အမှန်ပါ။ ဒီရောက်ကာမှပေါ်ပေါက်လာခဲ့တဲ့
အခွင့်အရေးကို လက်လွှတ်လိုက်ရအောင်ကြပြန်တော့လဲ သူကနာလပိန်းတုံးမှမဟုတ်တာ။
ဒီလိုအခွင့်အရေးမျိုးက ကြုံဖို့ခဲယဥ်းသည်မို့
ပျော်နေတဲ့စိတ်ကိုမဖုံးကွယ်နိုင်စွာ ပြုံးပြုံးကြီးနဲ့
လက်ခံခဲ့မိသည်။အခုလိုအတူတူနေရဖို့အကြောင်းဖန်လာတာဟာ
သူ့ရဲ့ကြိုတင်ကြံစည်မှုတွေဖြစ်နေမယ်လို့
ထယ်ယောင်းကတွေးမိနေမှာကျိန်းသေသည်။
အခုတလော သူနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို
ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ ထယ်ယောင်းဟာ
ဒီကိစ္စကိုအများကြီး ဒေါသဖြစ်နေမှာမှန်းစရာမလို။
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...