𝐒 𝐔 𝐁 𝐒 𝐓 𝐈 𝐓 𝐔 𝐓 𝐈 𝐎 𝐍 : 5

4.2K 439 24
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

သူစုံစမ်းခိုင်းထားတဲ့ ယွန်းဆယ်​ယောင်းရဲ့
အ​ကြောင်းအရာ​တွေကို အ​သေအချာ
ဖတ်ရင်း သူ့ရဲ့လိုအပ်ချက်အတွက်
အသုံးချဖို့ အ​သေအချာကို အစီအစဥ်
ဆွဲ​နေမိသည့် ထယ်​ယောင်း။

ဆယ်​ယောင်းကို အသုံးချကာ
​ဂျောင်ဂုရင်ကို ​ခြေစုံကန်ဖို့လုပ်ရပ်က
ဆယ်​ယောင်းအတွက်မမျှမတရာ
ကျ​နေတယ်ဆိုတာကို သူသိ​ပေမယ့်
ဒီအချိန်မှာ​တော့ အခုလိုလုပ်ဖို့ပဲ
ရှိ​တော့သည်။

ဂျွန်​ဂျောင်ဂုက သူနဲ့မရခင်ကသာ
အစ်ကိုကြီးနဲ့ချစ်သူဖြစ်ပြီး
ပြဿနာရှာတတ်တဲ့ လူတစ်​ယောက်
ဖြစ်ခဲ့တာ။ သူနဲ့လက်ထပ်ပြီးသွားတဲ့
အချိန်မှာ​တော့ တခြားလူတစ်​ယောက်လို
​ပြောင်းလဲသွားပြီး သူ့အ​ပေါ်ကို
​ကောင်း​နေခဲသည်။ သူ့အတွက်အပြစ်
ရှာလို့မ​ရ​လောက်​အောင်ပင်။

ဒါ​ပေမယ့်အပြစ်လုပ်ခဲ့ပြီး၊
သူ့ကိုမချစ်ဘဲနဲ့ အသုံးချခဲ့ပြီးမှ
အခုလိုမျိုး ​ကောင်းပြ​နေတာ​တွေကို
ထယ်​ယောင်းလက်မခံနိုင်။
​ဂျောင်ဂုလုပ်ခဲ့တဲ့အရာအတွက်
သူ့နှလုံးသားက နာကျင်ခဲ့ရသလိုမျိုး
​ဂျောင်ဂုကိုလဲ နာကျင်​စေချင်သည်။

အမှားလုပ်ပြီးမှ သူ့ကိုဂရုစိုက်ပြီး
​ထွေး​ပွေ့၊ယုယ​ပေးတာ တစ်ခုနဲ့တင်
​ဂျောင်ဂုရဲ့အပြစ်​တွေကို
ထယ်​ယောင်းခွင့်မလွှတ်နိုင်။
သူ့ရဲ့ဖြူစင်တဲ့အချစ်​တွေက
​ဂျောင်ဂုရဲ့အတ္တအတွက် အသုံးချခံခဲ့ရပါလား
ဆိုပြီး​တွေးမိတိုင်း သူမျက်ရည်အလိုလိုကျရသည်။

ခင်ဗျားကိုမုန်းတယ် ဂျွန်​​ဂျောင်ဂု။
ရူးမတက်ချစ်ခဲ့သလိုပဲ
နှလုံးသားကြီးတစ်ခုလုံး
​ပေါက်ထွက်​လောက်မယ့်အထိကို
ထယ်​ယောင်းဆိုတဲ့ လူသားငယ်က
ဂျွန်​ဂျောင်ဂုကို မုန်း​နေခဲ့​လေပြီ။
ဒါကို အပြစ်လို့​ပြောချင်လဲ
သူဂရုမစိုက်။ သူခံစားရတာနဲ့
ယှဥ်ရင် သူ့ရဲ့တုံ့ပြန်မှုက ပါမွှား​လေးသာ
ရှိ​သေးသည်ဟု သူကသတ်မှတ်ထားမိသည်။

အ​ကြောင်းစုံကို ခြုံပြီး​တော့​တွေးကြည့်မိ​တော့
ချစ်ခဲ့မိတဲ့ သူကပဲမှား​နေတာလား။
​အထပ်ထပ်အခါခါ ပြန်​တွေးကြည့်မိတိုင်း
​ထယ်​ယောင်းဆို့နင်စွာ ​ရေရွတ်မိသည်။

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Where stories live. Discover now