𝐔𝐍𝐈𝐂𝐎𝐃𝐄
သူကိုယ်တိုင်ခွင့်ယူပြီး အပြင်ကိုထွက်ဖို့
လုပ်ထားတာကြောင့် လိုက်ဖြစ်အောင်လိုက်ခဲ့ပေးပါ
ဆိုတဲ့ဂျောင်ဂုတောင်းဆိုချက်ကို ထယ်ယောင်ရ
မငြင်းနိုင်ခဲ့။ မကြာခင်လမ်းခွဲကြတော့မယ့်
အိမ်ထောင်ရှင်တွေက အပြင်ဘက်ထွက်လည်ပြီး
ပျော်စရာအမှတ်တရတွေဖန်တီးလားမသိပေမယ့်
ဂျောင်ဂုကတော့ အဲ့လိုလုပ်ဖို့ဆန္ဒရှိဟန်တူသည်။လည်လို့၊ပတ်လို့ကောင်းတဲ့နေရာတွေကို
တစ်ခုပြီးတစ်ခုဝင်ထွက်နေပေမယ့်လဲ
ရင်ထဲကလစ်ဟာမှုကိုယ်စီကြောင့်
ပျော်ရွှင်မှုဆိုတဲ့အရာကို တစိုးတစိလေးတောင်
ရှာမတွေ့နိုင်ကြပေ။သို့သော် သူစိတ်ညစ်နေတဲ့မျက်နှာကို
ထယ်ယောင်းမြင်မှာစိုးသည့်ဂျောင်ဂုက
ပျော်ချင်ယောင်ဆောင်နေသည်။
ထယ်ယောင်းမှာလဲ ထိုနည်းလည်းကောင်းပင်။
တစ်ယောက်ကိုတစ်ယောက် ထုတ်မပြောကြပေမယ့်
တစ်ဖက်လူရဲ့စိတ်ထဲအလုံးစုံမပျော်နိုင်ဘူးဆိုတာ
သူတို့သိကြတယ်။ ထုတ်တော့ရယ်မပြောကြ။ဒီလောက်ဆို မိသားစုကိုစွန့်ခွာပြီး
ဘဝသစ်တစ်ခုကိုအချစ်နဲ့ဖန်တီးလို့ပင်ရတဲ့
အနေအထားတစ်ခုပင်။
လျှို့ဝှက်လှည့်စားခြင်းတွေသာ
မရှိခဲ့ဘူးဆိုရင်ပေါ့။ညနေပိုင်းရောက်တော့ လမ်းလျှောက်လို့ကောင်းတဲ့
ပန်းခြံလေးတစ်ခုဆီကို ဂျောင်ဂုတို့တတွေ
ရောက်လို့နေကြသည်။ ခါတိုင်းနဲ့မတူဘဲ
ပေါ့ပေါ့ပါးပါးနဲ့လူငယ်ဆန်တဲ့အဝတ်အစားတွေ
ဝတ်ဆင်ထားတဲ့ဂျောင်ဂုဟာ တစ်မျိုး
ကြည့်လို့ကောင်းသည်။ ဇာတ်တိုက်ထားတာမဟုတ်ပေမယ့် နှစ်ဦးသားအတူဟာ အပြာနုရောင်ဝမ်းဆက်ကိုဒီဇိုင်းကွဲပြီး ဝတ်ဆင်ထားကြတယ်။တကယ်လို့ဒီအချိန်က ချစ်သူစဖြစ်တဲ့အချိန်၊
နှစ်ယောက်သားအချစ်ထဲနစ်မွန်းနေတဲ့အချိန်ဆိုရင်
မတိုင်ပင်အရောင်တူအဆင်ကွဲဝတ်မိတဲ့
သူတို့အဖြစ်ဟာ သိပ်ကြည်နူးဖို့ကောင်းနေမှာပင်။
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...