𝐒 𝐔 𝐁 𝐒 𝐓 𝐈 𝐓 𝐔 𝐓 𝐈 𝐎 𝐍 : 8

3.6K 406 25
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

ထယ်​ယောင်းက ​ဒေါသနဲ့
​ကြောက်စိတ်​ကြောင့် ကားကို
အ​သေအချာ​မောင်းနိုင်မည်မဟုတ်သလို
သူ့အ​နေနဲ့လဲ ထယ်​ယောင်းကိုသာ
​တောက်​လျှောက်အာရုံစိုက်​နေမိသည်
မလို့ မင်ဆူကိုသာကား​မောင်းခိုင်းပြီး
​နောက်ခန်းက​နေ လိုက်လာမိခဲ့ကြသည်။

လမ်းတစ်​လျှောက်မှာ​တော့ ဘာ​တွေ
ခံစား​နေရမှန်း ခန့်မှန်းခက်ရသည့်
မျက်နှာထားနဲ့ ကားအပြင်ဘက်ကိုသာ
​တောက်​လျှောက် ​ငေးကြည့်​နေသည့်
​ထယ်​ယောင်းနဲ့ ဘယ်​လောက်ပဲ
ထိတ်လန့်မှု​တွေကို ဖုံးကွယ်ထားထား
တုန်​နေတဲ့လက်​လေး​တွေက စိုးထိတ်​နေသည်
ဆိုတာကို ​ပြောပြ​နေတဲ့ထယ်​ယောင်းကို
စိတ်သက်သာလို သက်သာရာရ​စေရန်အတွက်
ထယ်​ယောင်းရဲ့လက်​လေး​​တွေကို
​​နွေး​ထွေးစွာဆုပ်ကိုင်​ပေးပြီး ထယ်​ယောင်းရဲ့
မျက်နှာ​လေးကိုသာ မျက်နှာမလွဲဘဲ
ကြည့်​နေသည့် ​ဂျောင်ဂုတို့နှစ်​ယောက်သားက
မတူညီတဲ့ ခံစားချက်​တွေနဲ့
လိုက်ပါလာကြသည်။ သူတို့နှစ်​ယောက်မှာ
စိုးထိတ်မှုအနည်းနဲ့အများသာ
ကွာပြီး တစ်​ယောက်တစ်မျိုးစီ​တော့
မတူညီတဲ့ အ​ကြောက်တရား​တွေကို
ရင်မှာပိုက်ထားကြသည်။

"ဘာမှ မ​ကြောက်နဲ့​နော်။
အ​ဖေကအဲ့လိုလုပ်တတ်တဲ့သူမဟုတ်ပါဘူး။
အခုကိစ္စက နားလည်မှုလွဲတာ
​နေလိမ့်မယ်။ အခုကိုယ်တို့သွားရင်
သိလာရမှာပါ။ "

​အပြင်လူ​တွေကြည့်ရင်​တော့
​ဂျောင်ဂုရဲ့ထယ်​ယောင်းကို
ပြုမူ​နေပုံက​နွေး​ထွေးပြီး
ကြည့်လို့​ကောင်းလှသည့် မြင်ကွင်းတစ်ခုပင်။
​ကြောက်​နေတဲ့​ကောင်​လေး စိတ်သက်သာရာ
ရ​​အောင် ​ပြော​နေသည်က
​နွေး​ထွေးလှသည်မလား။

ထယ်​ယောင်းအတွက် အဲ့လိုမဟုတ်ပင်။
အလိမ်အညာ​တွေသာ ​ပေးခဲ့သည့်
ဂျွန်​ဂျောင်ဂုက ဒီတစ်ခါမှာလဲ
သူ့ကို မုသာဝါဒ​တွေ​ပြောပြီဆိုတဲ့
အသိကသာ ထယ်​ယောင်း​ခေါင်းထဲ
စိုးမိုး​နေသည်။ တစ်စက်​လေးမှ
​ကောင်းကွက်မရှိခဲ့တဲ့ သူအ​ဖေဘက်က​နေ
လိုက်​ပြော​နေသည့် ​​ဂျောင်ဂုကို
ထယ်​ယောင်းပိုပြီး မုန်းတီးလာမိသည်။

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Tempat cerita menjadi hidup. Temukan sekarang