𝐔𝐍𝐈𝐂𝐎𝐃𝐄
ကိုယ့်ကိုယ်ကိုအကောင်းဆုံး
ပြင်ဆင်ကာ အပြင်မထွက်ခင်
မှန်ကို နောက်ဆုံးတစ်ခေါက်
ကြည့်နေမိသည့် ဆယ်ယောင်း။
ဒီနေ့က စီနီယာဂျောင်ဂုဆီ
သွားရမယ့်နေဖြစ်နေတယ်မလား။စီနီယာရဲ့ ကုမ္ပဏီက
နာမည်ကြီးကုမ္ပဏီတစ်ခုလဲ
ဖြစ်နေပြန်တာမလို့
သူ့အနေနဲ့ အကောင်းဆုံး
ဝတ်ဆင်သွားဖို့က အရေးကြီးသည်။
အများအမြင်မှာ တင့်တယ်နေဖို့
လိုအပ်သည်မလား။အသေအချာ တွေးကြည့်မိတော့
ထယ်ယောင်းက ကျေးဇူးတင်ဖို့
အကောင်းဆုံးလူပင်။
စတွေ့တုန်းက ဘယ်သူ့မှ
ဂရုမစိုက်တတ်တဲ့ ခပ်ချေချေပုံနဲ့
ကောင်လေးက သူ့ယောက်ျားကိုတော့
အတော်ချစ်ပုံရသည်။
အတွင်းရေးမှူးကိုတောင်
သူကိုယ်တိုင် တကူးတက
ရှာပြီး လာပြောသည်ဆိုတော့
ထယ်ယောင်းကို အဘက်ဘက်ကကို
ကျေးဇူးတင်ပေးရမည်။နာရီကိုကြည့်လိုက်တော့
အချိန်ကနီးနေပြီမလို့
ကုမ္ပဏီကို သွားဖို့အတွက်
ပြင်လိုက်သည်။ ထယ်ယောင်းက
သူ့ကိုကုမ္ပဏီရှေ့ကနေ
စောင့်နေမယ်လို့ မှာထားသည်။
အလုပ်ရှုပ်ခံကာ သူ့ဆီလာပေးတာတောင်
အားနာဖို့ကောင်းနေပြီကို။
ထပ်ပြီးစောင့်ခိုင်းထားရရင်
နှစ်ဆ အားနာရလိမ့်မည်။ဘတ်စ်ကားမှတ်တိုင်ရှိရာကို
ရောက်ပြန်တော့ ကံကြမ္မာက
သူ့ဘက်လိုက်သည်ထင်
သူလဲရောက်၊ သွားရမယ့်နေရာကို
အရောက်ပို့ပေးနိုင်သည့် ကားနံပါတ်ကလဲ
ချက်ချင်းကိုရောက်ချလာသည်။
အလုပ်ကောင်းကောင်းလဲ
ရတော့မှာမလဲ ရင်တွေခုန်နေမိသည်။သူ့ရဲ့ကံဇာတာတွေက
တက်နေပြီနဲ့တူတယ်။
ကျေနပ်စွာတွေးရင်း ပြနင်းပေါက်
အပြင်ကိုခဏတာ ခေါင်းပြူ
ကြည့်လိုက်သည်။ လေလေးတွေက
တိုက်နေတာကြောင့် လူက
လန်းပြီးနွေးထွေးသွားရသည်။သူရောက်တော့ ချိန်းထားတဲ့
အချိန်ထက် ၁၅ မိနစ်နီးပါးလောက်တောင်
စောနေသေးတယ်။ ဒါပေမယ့်လဲ
ကုမ္ပဏီရှေ့မှာ သူ့ကို
ရပ်စောင့်နေပုံပေါက်သည့်
ထယ်ယောင်းကြောင့် တကယ်
မျက်နှာပးမိသွားသည်။
အလုပ်လာပေးတဲ့သူကို
အခက်တွေ့အောင် လုပ်မိသည့်အတွက်
ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်သည်။
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...