Unicode
ကော်ဖီဆိုင်တစ်ဆိုင်မှာ စကားထိုင်ပြောနေကြတဲ့
ဆယ်ယောင်းနဲ့ထယ်ယောင်း။ အရေးတကြီးပြောစရာ
ရှိလို့ဟုဆိုကာ တွေ့ဖို့ပြောလာတဲ့ထယ်ယောင်းကြောင့်
ဆယ်ယောင်းတစ်ယောက် ရင်တထိတ်ထိတ်ဖြင့်
လာတွေ့ရသည်။ အရင်တစ်ခေါက်ကထူးထူးဆန်းဆန်း
စကားတွေကိုပြောထားသည့် ထယ်ယောင်းက
အခုတစ်ကြိမ်မှာ ဘာတွေထပ်ပြောဦးမလဲသူမသိ။
ပြီးတော့လျှို့ဝှက်ပေးဖို့ ပြောထားတဲ့ထယ်ယောင်းရဲ့
စကားတွေကိုဂျောင်ဂုဆီ သွားပြောထားသည်မလား။သူ့ဘက်က ကတိဖျတ်ထားသလိုဖြစ်နေတာမို့လို့
အဲ့အကြောင်းကိုထယ်ယောင်းသိသွားရင် သူ့ကို
ပိုစိတ်ဆိုးသွားမလားဆယ်ယောင်းစိုးရိမ်မိသည်။
တကယ်တမ်းရောက်သွားတဲ့အခါကျတော့
ထယ်ယောင်းက တောင်းပန်စကားစပြောလာသည်။ဘာအတွက်တောင်းပန်မှန်းကို ဆယ်ယောင်းအနေနဲ့
နားမလည်နိုင်ဖြစ်နေတုန်း ထယ်ယောင်းကသူ့ကို
ဘာလို့ဂျောင်ဂုဆီဆွဲခေါ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေနဲ့
သူတို့နှစ်ယောက်ကိုနီးစပ်ဖို့အတွက်
ဘယ်လိုဆန္ဒရှိခဲ့တယ်ဆိုတဲ့အကြောင်းတွေကို
တစ်ခုမကျန်ဖိတ်သွန်ပြီး ပြောလာသည်။
အကြောင်းစုံမရှင်းပြနိုင်ပေမယ့် သူ့ဘဝမှာကြုံနေရတဲ့
အခက်အခဲတွေကို ဖြေရှင်းဖို့လုပ်ရတာပါဟု
ထယ်ယောင်းကပြောလာခဲ့သည်။စစကြားချင်းကတော့ ဆယ်ယောင်းအနေနဲ့
ဒေါသအနည်းငယ်ဖြစ်မိပေမယ့် သူကျေနပ်အောင်
ကြိုက်တဲ့နည်းနဲ့တောင်းပန်ခိုင်းပါ။ သူလက်ခံပါ့မယ်
လို့ပြောလာတဲ့ထယ်ယောင်းကြောင့် သူ့မှာအဲ့လောက်
ဒေါသမဖြစ်နိုင်တော့။ ထယ်ယောင်းနေရာမှာ
တခြားတစ်ယောက်သာဆို အကောင်အထည်မပေါ်ခဲ့တဲ့
အမှားတစ်ခုအတွက် အရေးလုပ်တောင်းပန်နေမည်
မှာတောင်မဟုတ်ဘူးလေ။သူ့လိပ်ပြာသူလုံချင်တယ်ဆိုတဲ့စိတ်ကြောင့်
တောင်းပန်နေတဲ့ ထယ်ယောင်းကိုကြည့်မိတော့
ဆယ်ယောင်းရဲ့ရင်ထဲ ခွင့်လွှတ်ဖို့လုံလောက်သွားခဲ့သည်။
ဘာရည်ရွယ်ချက်တွေပဲရှိခဲ့၊ရှိခဲ့
ထယ်ယောင်းသာသူ့ကိုအလုပ်သွင်းမပေးခဲ့ဘူးဆိုရင်
အခုလောက်ကောင်းတဲ့အလုပ်ကို သူရှာလို့တွေ့မှာ
မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ်ထယ်ယောင်းကြောင့်
သူနဲ့အမေ အများကြီးအဆင်ပြေခဲ့ရသည်မလား။
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...