𝐔𝐍𝐈𝐂𝐎𝐃𝐄
လိုအပ်ပြီး သင့်တော်တဲ့ပစ္စည်းတွေအားလုံး
ဝယ်ပြီးသွားတဲ့ အချိန်မှာတော့
ထယ်ယောင်းမိဘတွေရဲ့အိမ်ကို
ဦးတည်လိုက်သည်။ဒီနေ့က သူ့အဖေရဲ့ မွေးနေ့ရှိလို့ဆိုကာ
ထယ်ယောင်းက သူ့မိဘအိမ်ကို
ရောက်နေသည်မလား။
လာမကြိုနဲ့လို့ ပြောထားပေမယ့်လဲ
သူ့အနေနဲ့ ယောက္ခမတွေရဲ့အိမ်ဘက်ကို
သိပ်မရောက်ဖြစ်တာကြောင့် ထယ်ယောင်း
မိဘတွေကို သွားနှုတ်ဆက်ပြီး
ထယ်ယောင်းကိုပါ တစ်ခါတည်း
ကြိုခဲ့ဖို့ ဆုံးဖြတ်ထားသည်လေ။အိမ်ရှေ့ရောက်တော့ တံခါးက
ပွင့်နေတာကြောင့် ကားကို
အိမ်ရှေ့မှာရပ်ကာ အထုပ်အပိုးတွေ
ဆွဲရင်း အိမ်ထဲကိုဝင်လာလိုက်မိသည်။
သူလာကြိုမှန်းသိရင် ပျော်သွားမယ့်
ကောင်လေးရဲ့ မျက်နှာလေးကို မြင်ရဖို့
သူမစောင့်နိုင်တော့တာအမှန်။"ထယ်ယောင်းရေ ~"
အသံတစ်ချက်ပေးကာ
အိမ်ထဲကိုဝင်လာလိုက်မိသည်။
အိမ်ထဲရောက်တဲ့အချိန်မှာတော့
သူမျှော်လင့်ထားတဲ့ ထယ်ယောင်းငယ်ကို
အရင်မတွေ့ရဘဲ ယောက္ခမလုပ်သူကို
အဦးဆုံး တွေ့လိုက်ရသည်။
ယောက္ခမဖြစ်သူကို တွေ့ရတာက
ပြဿနာမရှိပေမယ့် သူ့ယောက္ခမနဲ့အတူ
တစ်စားပွဲတည်း ထိုင်ကာ
မုန့်စားနေသည့် ထယ်ယောင်းရဲ့အစ်ကို
တစ်နည်းအားဖြင့်ပြောရရင်သူ့ထက်
အသက်သုံးနှစ်သာကြီးသော ပထွေးဖြစ်သူ
ထယ်ဂျင်းကြောင့် ဂျောင်ဂု
မျက်မှောင်ကြုံ့သွားသည်။မတွေ့ချင်တဲ့သူကို
လာတွေ့နေရတာဘဲ။
ထယ်ယောင်းအဖေရဲ့ မွေးနေ့ကို
သူ့အစ်ကို ထယ်ဂျင်းလဲရောက်လာနိုင်တယ်
ဆိုတာကို မတွေးလိုက်မိတဲ့
ကိုယ့်ကိုယ်ကို စိတ်တိုမိသွားသည်။ဒါပေမယ့်လဲ သူ့ကိုမြင်တော
ဝမ်းသာအားရကို ဆီးကြိုလာသည့်
ယောက္ခမလုပ်သူကြောင့် ဂျောင်ဂုလဲ
ဘာမှမဖြစ်ချင်ယောင်ဆောင်ကာ
အထုပ်တွေ ဘေးချရင်း
စားပွဲခုံမှာ ဝင်ထိုင်လိုက်သည်။
CZYTASZ
ðððððððððððð
Fanfictionááá¯ááá¯ááá»áœááºâáá±á¬áºá·ááá¯áá»á áºâáá±ážáááºá ááá¯á áá¯ááºâáá±ážáááºá ááŒááºáá¬âáá±ážáááºá ááá¯ááá¯á·ááŒá±á¬ááºá· áá»áœááºâáá±á¬áºââáá»á±á¬áºáá²á·ááá«áááºá áá°áá¬áá»áœááºâáá±á¬áºá·ááᯠáá°áá áºá¥á®ážáá áºâáá±á¬ááºáá²á· âáá±áá¬ááŸá¬á¡á á¬ážááá¯ážááŒá®áž ââááœá±á·âáá»á±á¬áºáá±ááŸááºáž áá»áœááºâáá±á¬áº ááááááºá¡áá»áááºáá áºáá¯ááâáá±á«á·á ááá¯ááá¯áááŒáœáá¹âá±áá¬á¹...