𝐔𝐍𝐈𝐂𝐎𝐃𝐄
ထယ်ယောင်းတစ်ယောက် သင်တန်း
ထဲကို ခြေချလိုက်ပြီ ဆိုတာနဲ့
အခန်းထဲမှာ ရှိသမျှအမျိုးသမီးတိုင်း
ရဲ့အကြည့်တွေဟာ ထယ်ယောင်းဆီ
ရောက်လာကြသည်။
ဘယ်သူနဲ့မှ စကားမပြောချင်တာကြောင့်
တမင်နောက်ကျပြီး ထွက်လာခဲ့ပေမယ့်
အမြဲတမ်း အချိန်နောက်ကျနေတတ်သည့်
သင်တန်းဆရာမကြောင့် သူရောက်တော့
သင်တန်းက မစသေး။"ထယ်ယောင်းလေး ပြန်ရောက်
နေပြီဘဲ။ ဒီတစ်ခေါက်ခရီးမှာ
ပျော်ခဲ့ရဲ့လား။"သူ့နားကိုပထမဆုံးရောက်လာကာ
စကားစလာသည့် အမျိုးသမီးကြီးကို
ထယ်ယောင်း အလိုက်သင့်လေးပြုံးပြကာ"ပျော်ခဲ့ပါတယ်။ တကယ်ဆို
ကိုကိုနဲ့အတူ သွားချင်တာလေ။
ဒါပေမယ့် သူကအလုပ်တွေရှုပ်နေတော့
ယောင်းတစ်ယောက်တည်း သွားလိုက်ရတယ်။
ဘယ်ခရီးမဆို ကိုကိုပါ
အတူတူလိုက်မှ ယောင်းကပျော်တာ။"ဂျောင်ဂုနဲ့ ပြောတဲ့အချိန်ကလွဲပြီး
တခြားသူတွေနဲ့ စကားပြောတဲ့
အချိန်တိုင်း သူ့ကိုယ်သူ"ယောင်း"
လို့သာ ထယ်ယောင်းက သုံးနှုန်း
လေ့ရှိသည်။ အဲ့လိုပဲ သူ့ကို"ထယ်"
လို့ခေါ်တာကလဲ ဂျောင်ဂုတစ်ယောက်သာ
ရှိသည်။ တခြားသူတွေက သူတို့
အဆင်ပြေသလိုသာ ခေါ်တတ်ကြသည်။တကယ်တမ်း သူခရီးတွေထွက်နေတယ်
ဆိုတာက ခရီးသွားတာကို ဝါသနာပါတာရယ်၊
ဂျောင်ဂုနဲ့ ဝေးတဲ့နေရာမှာ နေချင်မိတာရယ်
ကြောင့်သာ ဖြစ်သည်။ သူကသုံးလတစ်ခါ
လောက်တော့ ခရီးထွက်ဖြစ်သည်။
သူသွားဖြစ်တဲ့အထဲမှာ ပြည်တွင်းရော၊
ပြည်ပရော နေရာကိုစုံနေသည်။
ဂျောင်ဂုက တစ်ခါတစ်ခါကျ
အတူလိုက်ပေးသလို အလုပ်ရှုပ်တဲ့သူပီပီ
မလိုက်ဖြစ်တာက များသည်။
သူကလဲ ဂျောင်ဂုကို မလိုက်စေချင်ပါ။စကားမရှိ၊ စကားရှာလာမေးသည့် သူတွေကို
နှုတ်ထဲက ထွက်လာတဲ့အတိုင်း
ပေါက်ကရတွေသာ ဖြေပေးလိုက်မိသည်။
သူ့ကိုနဂိုကတည်းက အမြင်မကြည်ကြတဲ့
လူတွေကို စကားအကောင်းမပြောချင်
တော့တာကြောင့် ပိုပြီးအမြင်ကတ်ချင်စရာ
ကောင်းတဲ့ စကားတွေကိုသာ ထယ်ယောင်း
ပြောလိုက်မိသည်။ တစ်ဖက်က
အမျိုးသမီးကြီးကတော့ "ပိုလိုက်တာ"
ဆိုတဲ့ သဘောနဲ့သူ့ကို ကြည့်လာသည်။
သို့သော်လဲ ဒီသင်တန်းတစ်ခုလုံးမှာ
ရှိတဲ့ အမျိုးသမီးတွေရဲ့ယောက်ျားတွေက
ဂျောင်ဂုလောက် ငွေရှာမကောင်းတာကြောင့်
အကုန်လုံးထဲမှာ အချမ်းသာဆုံးလို
ဖြစ်နေသည့် ထယ်ယောင်းကို
ဘယ်သူကမှ မချေမငံမပြောရဲကြ။
နောက်ကွယ်မှာသာ ရစရာမရှိအောင်
ပြောတတ်ကြသည်လေ။
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...