𝐔𝐍𝐈𝐂𝐎𝐃𝐄
ယုံကြည်ချက်အမှား၊ ဆုံးဖြတ်ချက်အမှားနဲ့
ယူဆချက်အမှားတွေက ချစ်သူနှစ်ယောက်ကို
အစွန်းတစ်ဖက်စီရောက်အောင် လုပ်နိုင်တယ်။
လူချင်းသာနီးကပ်နေရပေမယ့် နှစ်ယောက်သားရဲ့
နှလုံးသားမှာကပ်ငြိနေတဲ့ အေးစက်စက်သံသယတွေက
နုပျိုတဲ့ရင်ခုန်သံတွေကိုမပေးစွမ်းနိုင်တော့။တစ်ယောက်အချစ်အပေါ်တခြားတစ်ယောက်က
သံသယဖြစ်လို့နေရတဲ့ လူနှစ်ယောက်ရဲ့ပတ်သတ်မှုကို
ဘယ်ကနေစမှားခဲ့ကြလဲဆိုတဲ့ မေးခွန်းထုတ်တဲ့အခါ
စစတွေ့ချင်းအချိန်ကတည်းက မှားနေခဲ့ကြတယ်လို့ပဲ
တော်တော်များများက တွေးတောကြလိမ့်မယ်။
တကယ်တမ်းကျအဲ့လိုမဟုတ်ဘူး။ကိုယ့်ကိုချစ်ပေးတဲ့ကိုယ့်ချစ်သူရဲ့ ရင်ခုန်သံတွေကို
လျစ်လျူရှုလှည့်စားခဲ့ကြတဲ့အချိန်မှာမှ
သူတို့တွေစမှားခဲ့ကြတာ။ တစ်ဖက်လူကကိုယ့်ကို
ချစ်နေမှန်းသိသိကြီးနဲ့ "သူငါ့ကိုမချစ်လောက်ပါဘူး"
ဆိုပြီး ကိုယ့်စိတ်မှန်းကိုလှည့်စားခဲ့ကြတဲ့အချိန်ကတည်းက ချစ်သူနှစ်ဦးကြားမှားယွင်းမှုတွေက
ဝင်လာခဲ့တာ။ကိုယ့်ကိုချစ်ပေးတဲ့လူကို အစားထိုးအရာတစ်ခုလို
သတ်မှတ်ထားပြီးတဲ့နောက်
ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုအစားထိုးပြီးကြင်နာပြ
နေတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက်ရလာတဲ့အကျိုးဆက်ကတော့
အချစ်စစ်ဆိုတဲ့အရာကိုတောင်
အတုအယောင်၊အလိမ်အညာတွေလို့
ထင်မြင်လာခဲ့တော့တာဘဲဖြစ်တယ်။▪︎■▪︎ 𝐒 𝐔 𝐁 𝐒 𝐓 𝐈 𝐓 𝐔 𝐓 𝐈 𝐎 𝐍 ▪︎■▪︎
ခါတိုင်းတော့ ပန်းတွေတစ်မျိုးပြီးတစ်မျိုးမထပ်အောင်
ပန်းစည်းစည်းပြီး ပေးလေ့ရှိတဲ့ဂျောင်ဂုက
အခုတလောတော့ ဒေစီပန်းစည်းတွေကိုသာ
ထယ်ယောင်းကို လက်ဆောင်ပေးလို့နေသည်။
သူတို့ကုတင်ဘေးကစားပွဲပေါ်မှာထားထားသည့်
ပန်းအိုးအရှည်အကြည်လေးထဲမှာ
ရိုးစင်းစွာနဲ့နေရာယူထားကြတဲ့ ဒေစီပန်းလေးတွေကို
တွေတွေငေးရင်း ထယ်ယောင်းကြည့်နေမိသည်။
![](https://img.wattpad.com/cover/258119140-288-k986473.jpg)
ESTÁS LEYENDO
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanficကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...