အခုတလောအစ်ကိုလုပ်သူအတွက်သာ
စိတ်ပူမိနေသည်မို့လို့ ကိုကြီးနဲ့ပြေပြေလည်လည်
ဖြစ်ချင်တယ်ဆိုသော ဂျောင်ဂုရဲ့ဆန္ဒကို
အလွယ်တကူခွင့်ပြုပေးခဲ့မိသည့် ထယ်ယောင်း။
တကယ်တမ်းကိုကြီးဆီရောက်ကာမှ
သုံးယောက်လုံးအတွက်နေခက်စရာကောင်းတဲ့
အရာမှန်းထယ်ယောင်းသေချာသိတော့သည်။သူ့အတိုင်းပဲဘာမှမစားရသေးတဲ့ ကိုကြီးကြောင့်
ဂျောင်ဂုဝယ်လာတဲ့ထမင်းသုပ်ကို သုံးယောက်သား
တစ်စားပွဲတည်းစားဖြစ်ကြသည်။
ဂျောင်ဂုကြည့်ရတာတော့ ဘယ်လိုမှမနေသလို
ဖြစ်နေပေမယ့် ထယ်ယောင်းတို့ညီအစ်ကိုနှစ်ယောက်
ကတော့ တစ်ယောက်တစ်မျိုးစီအနေခက်လို့နေသည်။ခဏလေး သုံးယောက်သားအတူရှိနေတာကို
အနေခက်လှတာ။ တစ်နေ့လုံးအတူရှိနေဖို့ဆိုတာ
ကတော့ခဲယဥ်းတဲ့အရာမှန်း ထယ်ယောင်းသိလို့နေသည်။ သူတောင်ဒီလောက်ဖြစ်နေလှတာ။
ဂျွန်ဂျောင်ဂုက ဘာမှမဖြစ်ဘူးဆိုတော့
ရင်ထဲတစ်မျိုးကြီးပင်။ဒီကိုလိုက်လာဖို့ ခွင့်ပြုလိုက်မိတာကို
နောင်တရလို့လာမိသည်။
အနေကျဥ်းကြပ်တဲ့စိတ်ကြောင့်လား၊
ကိုကြီးနဲ့ဂျွန်ဂျောင်ဂုကို သဝန်တိုနေမိတာလားဆိုတာကိုအခုထိ ထယ်ယောင်းမခွဲခြားနိုင်ပေ။
တကယ်တမ်း လက်တွေ့ကျကျတွေးကြည့်ရင်
ကိုကြီးတို့နှစ်ယောက်ကို သဝန်တိုစရာအကြောင်းမှ
မရှိတော့တာ။ သူအရမ်းများပိုနေတာလား။တွေးတွေးဆဆဖြစ်လို့နေသည့်ထယ်ယောင်းကို
ရိပ်မိနေသည့်ဂျောင်ဂုအနေနဲ့လဲ အခုကျမှ
သူဆုံးဖြတ်တာမှားနေပြီလားလို့ ပြန်တွေးလာမိသည်။
ထယ်ယောင်းစိတ်အချမ်းသာဆုံးဖြစ်မယ့်အရာတွေကိုပဲ
ရွေးလုပ်ပေးဖို့ ညကတောက်လျှောက်စဥ်းစားမိခဲ့သည်။
သူ့အစ်ကို့ကိုအရမ်းချစ်တဲ့ထယ်ယောင်းကြောင့်
ထယ်ဂျင်းနဲ့သာအဆင်ပြေအောင် နေပြလိုက်ရင်
ထယ်ယောင်းစိတ်ချမ်းသာသွားလိမ့်မယ်လို့
သူတွေးမိခဲ့သည်။ ထယ်ဂျင်းဆီသူပါလိုက်ခဲ့မယ့်အကြောင်း ထယ်ယောင်းကိုခွင့်တောင်းမိတော့လဲ
ထိုကလေးငယ်က ခွင့်ပြုလို့လာခဲ့သည်။
ESTÁS LEYENDO
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanficကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...