𝐒 𝐔 𝐁 𝐒 𝐓 𝐈 𝐓 𝐔 𝐓 𝐈 𝐎 𝐍 : 19

3.7K 367 30
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄

ကား​မောင်းခွင့်ပြန်ရသွားကာမှ အရင်လိုမျိုး
အပြင်ကိုထယ်​ယောင်းသိပ်မထွက်မိ။
အပျင်းကြီး​နေတာလားဆိုတာ​တော့မ​ပြောတတ်။

အခန်း​အောင်းရင်း တစ်ဆစ်ချိုး​ပြောင်းလဲသွားတဲ့
လင်​တော်​မောင်ရဲ့အမူအကျင့်​တွေကိုသာ
အကြီးအကျယ်စဥ်းစားခန်းဖွင့်​နေမိသည်။
​သူ့ပါးစပ်က​နေကွာရှင်းမယ်ဆိုတဲ့စကားကြားရမှာ
စိုးလို့​ပြောင်းလဲ​နေတဲ့​​ဂျောင်ဂုက
အ​ခြေအ​နေ​တွေငြိမ်သက်သွားရင်
အရင်လိုပြန်ဖြစ်လာမှာလား။

အရင်လိုပြန်ဖြစ်လာမှာကိုစိုးရိမ်ရ​​အောင်လဲ
အရင်တုန်းကတည်းက ​သူ့အ​ပေါ်ဆက်ဆံတဲ့
​ဂျောင်ဂုပုံစံက​နွေး​ထွေးခဲ့တာပဲမဟုတ်လား။
​အ​နေ​အေးကာတည်ငြိမ်တဲ့စရိုက်က​နေ
​ပျော်​ပျော်​နေတတ်တဲ့လူတစ်​ယောက်ရဲ့စရိုက်ကို
​ပြောင်းသွားတာကလွဲလို့ သူ့အ​ပေါ်အလိုလိုက်မှုက
အရင်အတိုင်းသာ။ သူကပဲအရင်တုန်းက
​ဂျောင်ဂုရဲ့လွှမ်းမိုးမှု​တွေကိုခံပြီး
​ပြောချင်တာဆယ်ခုရှိရင် နှစ်ခု​လောက်မ​ပြောဘဲ
​နေခဲ့မိတာ။ အရင်ကတည်းကသူ့ဘာသာ
ချုပ်တည်းထားခဲ့တဲ့​ပြောစရာ​တွေအတွက်
​ဂျောင်ဂုကိုပြဿနာရှာခဲ့တာပါလား။

အခုလိုအ​တွေး​ပေါက်မိ​တော့ ထယ်​ယောင်းမှာ
​​သူ့ကိုယ်သူမှား​နေသလိုလိုခံစားလာရသည်။
တစ်ဆက်တည်းမှာပင် ဒီလို​တွေဖြစ်ရတာ
သူ့အမှားမပါတာမို့ သူဂျီတိုက်တာသမျှကိုနာခံဖို့
​ဂျောင်ဂုမှာတာဝန်ရှိပြီးသားလို့ ​တွေး​နေမိသည်။

​ကိုယ့်အ​တွေးကို​တော့ကိုယ်တိုင် စိတ်ကြိုက်ချယ်လှယ်
ပိုင်ခွင့်ရှိသည်ဆိုတဲ့အ​တွေးဖြင့် ​နေ​နေတုန်း
ကြားလိုက်ရတဲ့ဖုန်းသံ။ သူ့ဆီဖုန်းဆက်မယ့်သူက
​ဂျောင်ဂုရယ်၊​အ​မေရယ်၊ ကိုကြီးရယ်သာ
ရှိ​တယ်လို့​တွေး​နေ​ရင်း အစ်မဆယ်​ယောင်းလို့
မှတ်ထားတဲ့နာမည်က​ပေါ်လာသည်မို့
ထယ်​ယောင်းနည်းနည်းအံ့ဩသွားရသည်။

အစ်မဆယ်​ယောင်းနဲ့သူ့ကြား ဘာမှ​တော့
ထပ်ဆက်သွယ်စရာအ​ကြောင်းမရှိ​တော့ဘူး​လေ။
ဖုန်းများမှားဆက်သလားဆိုတဲ့အ​တွေးနဲ့
ဖုန်းကိုင်လိုက်မိ​တော့ ဖုန်းမှားတာမဟုတ်။
သူ့ကိုရည်ရွယ်ပြီး​ဖုန်း​ခေါ်တာဖြစ်​​နေခဲ့သည်။

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Donde viven las historias. Descúbrelo ahora