𝐔𝐍𝐈𝐂𝐎𝐃𝐄
စာအုပ်အဟောင်းတွေထဲကတန်ဖိုးကြီးပြီး
ရှားပါးလှတဲ့စာအုပ်တွေကိုမှာထားတဲ့ဆိုင်ကို
ထယ်ယောင်းရောက်နေမိသည်။
အကုန်လုံးယူပြီးသွားလို့ဆိုင်ပြင်ဘက်ကိုထွက်ဖို့
ဟန်ပြင်လိုက်တော့ လမ်းတစ်ဖက်ခြားက
ပန်းဆိုင်ထဲကနေ ပန်းတစ်စည်းကိုကိုင်ကာ
နွမ်းလျနေသောမျက်နှာထားနဲ့ထွက်လာတဲ့
ဂျောင်ဂုကိုတွေ့လိုက်ရသည်။ပန်းစည်းဝယ်လာတဲ့ဂျောင်ဂုမှာ ပန်းပေးစရာ
လူတစ်ယောက်ယောက်များရှိနေတာလားဆိုတဲ့
အတွေးကဝင်လာမိတော့ သိသိသာသာ
မျက်နှာညှို့းသွားမိတာကမှန်း သူ့ကိုယ်သူ
သတိထားလိုက်မိသည်။ ဒီအတိုင်းဆို
ဂျောင်ဂုကိုတကယ်ပဲဆုံးရှုံးလိုက်ရတော့မှာလား
ဆိုတဲ့အတွေးတွေက များစွာဝင်ရောက်လို့လာသည်။အဲ့လိုကြီးစဥ်းစားမိတော့လူကစိတ်မကြည်တော့။
အတွေးတွေကလဲ ပျံ့လွင့်လို့ကုန်သည်။
ဂျောင်ဂုကသူ့ကြောင့်စိတ်ဆင်းရဲနေရတာကို
သူစိတ်မကောင်းဖြစ်မိပေမယ့်
သူ့ကိုလျစ်လျူရှုပြီးနောက်တစ်ယောက်ကို
ဂရုစိုက်ပေးမှာကိုလဲ သူမကြိုက်မိပြန်ဘူး။ရောက်မိရောက်ရာအတွေးတွေကိုတွေးရင်း
ဆိုင်ပြင်ထွက်ကာလမ်းလျှောက်လို့နေမိသည်။
လမ်းလျှောက်ရင်းမျက်လုံးလေးတွေကို
ဝေ့သီကြည့်မိတော့ လမ်းတစ်ဖက်ကနေသူ့ကို
လှမ်းကြည့်ပြီးပြုံးရိပ်ထင်နေတဲ့ဂျောင်ဂုမျက်နှာကို
သူဘေးကလက်ဝတ်ရတနာဆိုင်ရဲ့
မှန်တံခါးတွေကနေ လှမ်းမြင်လိုက်ရသည်။သူလှမ်းနေတဲ့ခြေလှမ်းတစ်ခုစီကို ဂရုတစိုက်ကြည့်ရင်း
သူ့ကိုမျက်စိရှေ့ကနေအပျောက်ခံလိုက်ရမှာကို
စိုးရိမ်နေတဲ့ဂျောင်ဂုပုံက သူ့စိတ်ကိုကျေနပ်စေသည်
မပြုံးမိအောင်ပင်မနည်းထိန်းနေမိသည်။
သူ့ဘက်ကပြန်လှည့်ကြည့်လိုက်မှာကိုကြောက်နေတဲ့
ဂျောင်ဂုရဲ့အတွင်းစိတ်ကိုသူကဖတ်နိုင်နေသည့်အလား
သူလှည့်ကြည့်လိုက်မိရင် နှစ်ယောက်လုံး
အနေခက်ရမယ့်အဖြစ်ကိုတွေးရင်း
ဂျောင်ဂုဘက်ကိုလှည့်မကြည့်ဖြစ်ခဲ့။
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...