𝐔𝐍𝐈𝐂𝐎𝐃𝐄
အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ
အအေးစက်ဆုံးဖြစ်သည့်ထမင်းဝိုင်းကို
ဂျောင်ဂုတွေ့ကြုံနေရသည်။ ထယ်ယောင်းရဲ့
စကားတိုင်းက အမိန့်ဖြစ်နေမည့်သူ့အတွက်
ထယ်ယောင်းဆီက ဆိုးဆိုးရွားရွားတွေပြောလာမှာကို
ကြောက်လို့နေမိသည်။ သူ့ကြည့်ရသည်မှာ
စိတ်နဲ့လူနဲ့မကပ်သလို ဖြစ်နေမှာသေချာသည်။
အဲ့အစား ထယ်ယောင်းကတော့ အေးဆေးတည်ငြိမ်လို့
နေခဲ့သည်။ ဂဃနဏတွေးကြည့်ရရင်
ဖောက်ပြန်တာမဟုတ်တဲ့ သူ့အမှားက
အိမ်ထောင်ကွဲရလောက်တဲ့အထိတော့
စွဲချက်တင်လို့ရသည်မဟုတ်။အရင်ကစရိုက်နဲ့သာဆိုရင် မျက်နှာပြောင်တိုက်ပြီး
ဘာမှမဖြစ်ခဲ့သလိုမျိုး ထယ်ယောင်းကိုသူ့ဆီ
ခေါ်ထားမိမှာဖြစ်သည်။ ဒါပေမယ့်သူကိုယ်တိုင်က
ထယ်ယောင်းကို နင့်နင့်နဲနဲချစ်မိသွားတော့
ထယ်ယောင်းဖြစ်ချင်တာကို ဖြည့်ဆည်းပေးဖို့သာ
စဥ်းစားပေးဖြစ်နေသည်။ ထယ်ယောင်းကို
စိတ်ဆင်းရဲခံကာ သူ့ဆီကနေ ထွက်မသွားနိုင်အောင် နည်းလမ်းမျိုးစုံ လုပ်လို့ရတာကိုသူသိသည်။
အဲ့လိုဆိုရင် သူကတော့ စိတ်ချမ်းသာပြီး
ထယ်ယောင်းရဲ့ရင်ထဲမှာတော့ အမုန်းတရားတွေသာ
ပေါက်ဖွားလာမှာကျိန်းသေသည်။အနိုင်အရှူံး သတ်မှတ်ပြီးကစားတဲ့ပွဲမဟုတ်ပေမယ့်
ချစ်မိသွားတဲ့နောက် သူ့အနေနဲ့အဖက်ဖက်က
အရှူံးပေးဖို့ အဆင်သင့်ဖြစ်သွားခဲ့သည်။
ပထမဆုံးလုံးဝ မဖြစ်နိုင်သည့်ကိစ္စကြီးတစ်ခုကို
လုပ်ဆောင်ပေးဖို့ ထယ်ယောင်းကတောင်းဆို
လာခဲ့ပြီးပြီ။ နောက်ဆိုဘာတွေဆက်တောင်းဆိုဦးမည်
မသိ။ရင်မောမိစွာဖြင့် ထယ်ယောင်းရဲ့အမိန်ကို
တုန်လှုပ်စွာစောင့်နေမိသည်။ထယ်ယောင်းအနေနဲ့လဲ မြင်မကောင်းလောက်အောင်
ဖြစ်ပျက်နေတဲ့ဂျောင်ဂုကိုကြည့်ပြီး ခံစားချက်တွေဟာ
ရှုပ်ရှုပ်ထွေးထွေးပင်။ ဂျောင်ဂုရဲ့ဒီလိုပုံစံဟာ
သူဖြစ်စေချင်တဲ့အတိုင်းအတာထက် ပိုလို့ပင်
အဆင်ပြေလို့နေသေးသည်။ သို့သော်လဲ
ဂျွန်ဂျောင်ဂုဆိုသည်မှာ သရုပ်ဆောင်အရမ်းကောသ်းတဲ့ လူတစ်ယောက်မဟုတ်ပါလား။
![](https://img.wattpad.com/cover/258119140-288-k986473.jpg)
VOUS LISEZ
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...