𝐒 𝐔 𝐁 𝐒 𝐓 𝐈 𝐓 𝐔 𝐓 𝐈 𝐎 𝐍 : 10

4K 364 9
                                    

Unicode

အလုပ်​ရှင်က ​ကောင်းတဲ့လူတစ်​ယောက်
ဖြစ်​​ပေမယ့်လဲ လုပ်ရတဲ့လုပ်ငန်းစဥ်​တွေက
များလွန်းလှသဖြင့် ဆယ်​ယောင်းလုပ်ရသည့်
အလုပ်က အနည်းငယ်​တော့ပင်ပန်းသည်။
သို့​သော်လဲ ရသည့်ဝင်​ငွေကများသည်မို့လို့
သူ့အ​နေနဲ့ ဒီအလုပ်ကိုညည်းညူစရာ
ဘာအ​ကြောင်းမှမရှိ။ အလုပ်ရှင်ကလဲ
သူ့အ​ပေါ် သက်ညှာ​​ပေးသည်​လေ။

အလုပ်ကအပြန် အ​မေရှိတဲ့​ဆေးရုံဆီ
ခဏဝင်ကြည့်ပြီးတဲ့​နောက် ​ဈေးဝင်ဝယ်ပြီး
အိမ်ကိုပြန်လာမိသည်။
လူက​နေရတာအနည်းငယ်​တော့
ပင်ပန်း​နေသည်မှာအမှန်ပင်။

သူ​နေသည့်တိုက်ခန်းက ​လေးလွှာမှာရှိသည်မို့လို့
လက်ထဲမှာအထုပ်​တွေအများကြီးကိုင်ထားပြီး
​လှေကားထစ်​တွေကိုတက်ရသည်မှာ
နည်းနည်း​တော့ ညည်းချင်စရာ​ကောင်းသည်။
ဒီ​နေ့အလုပ်ကလဲ ခါတိုင်းထက်ပိုပင်ပန်းသလိုပင်။
​လှေကားနဲ့အ​ပေါ်ကိုတက်လာသည်မှာ
နှစ်ထပ်​​ကျော်သုံးထပ်​မြောက်ကို​ရောက်​တော့

"ကျွန်​တော့်ကိုအဲ့အထုပ်​တွေ ​ပေးပါ။
ကူသယ်​ပေးမယ်​လေ။"

ရုတ်တရက်ကြီး သူ့မျက်စိ​ရှေ့​ရောက်လာကာ
အထုပ်​တွေကို ကူသယ်​ပေးဖို့လုပ်​နေသည့်
ခပ်ငယ်ငယ်​ကောင်​လေးတစ်​ယောက်​ကြောင့်
လူကလန့်သွားရသည်။ ထို​ကောင်​လေးက​တော့
သူ့ကိုအရည်ရွှန်းလဲ့​နေတဲ့ မျက်ဝန်း​တွေနဲ့
ကြည့်​နေ​သေးပြန်သည်။

"​ပေးလိုက်ပါ အစ်မဆယ်​ယောင်းရဲ့။
သူက တကယ်ကူညီချင်​နေတာပါ။"

​ကောင်​လေးကိုဘယ်သူမှန်းမသိ​ပေမယ့်
အ​နောက်က​နေ ​ရောက်လာသည့်ထယ်​ယောင်းကို
မြင်​လိုက်​တော့ သူ့​ရှေ့က​ကောင်​လေးဆီ
သူ့အတွက်အနည်းငယ်​လေးလံ​နေသည့် အထုပ်တွေ
လှမ်း​ပေးလိုက်သည်။ ​ကောင်​လေးက ထယ်​ယောင်းနဲ့
အသိဖြစ်ဟန်တူသည်​လေ။

"အထုပ်​တွေအကုန်​ပေးလိုက်ပါ။
ကျွန်​တော်ကူသယ်​ပေးချင်လို့ပါ။"

မျက်နှာထားချိုချိုနဲ့ အထုပ်​တွေကူသယ်​ပေးဖို့
လက်လှမ်း​နေသည့် ​ကောင်​လေး​ကြောင့်
ဆယ်​ယောင်းတစ်​ယောက် ​ယောင်အအနဲ့ပင်
ပိုက်ဆံအိတ်ကလွဲ၍လက်ထဲကအထုပ်​တွေအားလုံးကို
လှမ်း​ပေးလိုက်သည်။

𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍Où les histoires vivent. Découvrez maintenant