စာအုပ်အသစ်တွေစီဖို့ထားထားတဲ့
စင်လေးပေါ်ကို မနေ့တုန်းကမှ
ရောက်လာခဲ့တဲ့စာအုပ်လေးတွေစီထည့်နေသည့်
ထယ်ဂျင်း။ အချိန်ကိုကြည့်မိတော့ အနက် ၉ နာရီခွဲ။
မနေ့တုန်းကအိမ်ပြန်မအိပ်ဘဲ
ဂျောင်ဂုဆီလိုက်အိပ်မယ်ဆိုကာပြန်မလာတဲ့
ညီလုပ်သူကိုသတိရမိသွားတော့
ဘာရယ်မဟုတ် စိတ်ပူသွားမိတယ်။နောက်မှ ထယ်ယောင်းဟာသူ့ဆုံးဖြတ်ချက်သူ
ကောင်းကောင်းချမှတ်နိုင်နေတဲ့
လူတစ်ယောက်ဖြစ်သလို သွားအိပ်တာကလဲ
သူ့ယောက်ျားဆီသူသွားအိပ်တာဘဲလို့
တွေးရင်းစိုးရိမ်စိတ်တွေကိုဖျောက်လိုက်ရသည်။သမီးလေးကတော့ခုနလေးကတင်မှ
ငိုရတာမောပြီးအိပ်ပျော်သွားခဲ့လေပြီ။
သူ့လက်ပေါ်မှာထက် ထယ်ယောင်းလက်ပေါ်မှာ
နေရတာပိုပြီးနှစ်ခြိုက်ပုံရတဲ့သမီးငယ်ကို
ထယ်ယောင်းသူ့ဆီကနေထွက်သွားချိန်ကျ
ထိန်းရတာပင်ပန်းနေတော့မည်။ဘာပဲဖြစ်ဖြစ်ပါ ။
ထယ်ယောင်းကသူ့ညီလေးတစ်ယောက်
ဖြစ်သလို သူ့အပေါ်လဲအရမ်းကောင်းတဲ့
ညီလေးဖြစ်တာကြောင့် ထယ်ယောင်းဘဝလေး
အခုလိုပြန်အတည်တကျဖြစ်နိုင်တော့မှာကို
သူပျော်ပေးသင့်ပါသည်။စိတ်ထဲဝမ်းနည်းမိသလို ပျော်လဲပျော်နေမိတဲ့
ခံစားချက်တွေကိုခံစားနေမိတုန်း
သူတို့ဆိုင်ရှေ့ကိုထိုးစိုက်လာတဲ့ဂျောင်ဂုရဲ့ကား။
အဲ့ကားလေးပေါ်ကနေ အချစ်ဆိုတဲ့အရာမှာ
ယစ်မူးနေတဲ့ထယ်ယောင်းဟာ ချယ်ရီရောင်
မျက်နှာထားလေးနဲ့သိမ်မွေ့စွာဆင်းလာခဲ့သည်။
ဂျောင်ဂုနဲ့ကျီစယ်စကားတွေဆိုနေပုံပေါက်သည့်
ညီငယ်ဟာ အခုမှအပြည့်အဝစိတ်ချမ်းသာနိုင်တဲ့ပုံပင်။အဲ့နောက်တော့သီချင်းလေးတညည်းညည်းဖြင့်
ဆိုင်ထဲဝင်လာသောညီငယ်။
သူ့ကိုမြင်တော့အနားကိုချက်ချင်းလေး
ရောကက်လာပြီးစာအုပ်ကူစီပေးနေသည်။
ဂျောင်ဂုကတော့ အထဲထိလိုက်မလာပေ။
အင်းလေလ ဘယ်လောက်ပဲပြေလည်မှုရရ
သူ့ကိုတွေ့တိုင်း ဂျောင်ဂုအနေနဲ့အနေခက်နေမှာပေါ့။
သူလဲထိုနည်းလည်းကောင်းပင်။
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...