𝐔𝐍𝐈𝐂𝐎𝐃𝐄
နေ့လည်တုန်းက ကိုကြီးဆီသွားရင်း
သိခဲ့ရသည့် အကြောင်းအရာတွေကြောင့်
ထယ်ယောင်းစိတ်ထဲ မကြည်။
ဝမ်းလဲနည်းမိသည်။ ကိုကြီးကိုသနားလွန်းလို့
ဘယ်လိုလုပ်မလဲ။ ဂျွန်ဂျောင်ဂုက
ကိုကြီးကိုရန်သူတစ်ယောက်လို မုန်းတီးနေပေမယ့်
ကိုကြီးကတော့ အဆုံးထိကို
ဂျွန်ဂျောင်ဂုအတွက် တွေးပေးနေသေးသည်။
ဒေါသတွေလဲ အလိပ်လိုက်ထွက်မိသည်။သူတို့အဖေက အဖေကောင်းတစ်ယောက်
မဟုတ်ပေမယ့် သူတို့ညီအစ်ကိုရော၊
အမေ့ကိုရော လက်နဲ့တောင်မရွယ်ဖူးခဲ့။
အဲ့ဒါကို အစ်ကိုကြီးကတခြားလူရိုက်တာကို
ခံနေရတယ်လို့တွေးမိတော့ တကယ်ဒေါသဖြစ်မိသည်။"ဂျောက်"
ရေချိုးခန်းတံခါးဖွင့်သံကြားလိုက်ရသည်မလို့
ထယ်ယောင်းနှာခေါင်းရှုံ့မိသည်။
သူဒီအချိန်အခါ၊ ဒီလိုစိတ်အခြေအနေမျိုးမှာ
ဂျွန်ဂျောင်ဂုကို မမြင်ချင်မိတာအမှန်။
ခါတိုင်းဆို ညဘက်ကြီးရေချိုးကာ
ထွက်လာတန်သည့် ဂျွန်ဂျောင်ဂုကို
သဘတ်ကမ်းကာ ခယခဲ့ပေမယ့်
ဒီနေ့မှာတော့ အဲ့လိုလုပ်ရအောင်ထိကို
စိတ်မပါတော့။ ကုတင်ပေါ်မှာ
ထိုင်နေသည့်အနေအထားကနေ
လှဲချလိုက်သည်။ စောင်တွေနဲ့
ရောထွေးကာ အိပ်ဖို့ဦးတည်မိသည်။ဂျွန်ဂျောင်ဂုနဲ့ မျက်နှာချင်းကို
မဆိုင်ချင်ဘူး။ သူတို့သားအဖနှစ်ယောက်ကို
ပြောမပြတတ်အောင် နာကျည်းမိသည်။ထယ်ယောင်းအနေနဲ့ သူ့စိတ်ထဲက
ခံစားနေရသည့် ခံစားချက်တွေကြောင့်
အခုလိုတွေပြုမူနေပေမယ့် ဂျောင်ဂုကတော့
ထယ်ယောင်းရင်ထဲက ခံစားချက်တွေကို
မသိသူပီပီ ထယ်ယောင်းကသူ့ကို
ကျီစားနေတယ်လို့ တွေးထင်နေမိသည်။တစ်ခါတလေမှာ ထယ်ယောင်းညအိပ်ဝတ်ဖို့
အဝတ်အစားကို သူကိုယ်တိုင်ထုတ်ပေးတတ်သည့်
သူ့အကျင့်အတိုင်း ဒီညမှာလဲထယ်ယောင်း
အတွက်အဝတ်အစားတွေကို သူကိုယ်တိုင်
ထုတ်ပေးထားမိသည်။
ŞİMDİ OKUDUĞUN
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Hayran Kurguကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...