𝐔𝐍𝐈𝐂𝐎𝐃𝐄
တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ထားပြီး
ဘယ်လိုအရာကိုမဆိုရင်ဆိုင်ဖို့
အသင့်ဖြစ်နေပုံပေါ်တဲ့ထယ်ယောင်းတို့နှစ်ယောက်။
သူတို့အရှေ့က ဂျောင်ဂုအဖေကတော့
ခေါင်းတွေကိုက်လို့နေလေသည်။
သူ့ဘဝမှာမနိုင်နိုင်မယ့်ပွဲမျိုးကို ဘယ်တုန်းကမှ
မကစားခဲ့သလို ဘယ်ကစားပွဲမှာမှလဲ
သူမရှုံးခဲ့ဖူးပေ။ နိုင်ဖို့ရာခြေ ၁၀၀ ရှိနေတဲ့ကစားပွဲမှာမှ
အရှုံးကြီးရှိရတာကို မခံမရပ်နိုင်ဖြစ်မိတာအမှန်။ထယ်ယောင်းကသူ့သားဆီလုံးဝပြန်မလာတော့ဘူး
ဆိုတာသူသိပြီးကာမှ သူ့သားကထယ်ယောင်းကို
ပြန်ခေါ်လာနိုင်သည့်အတွက် သူ့မှာအရှုံးကြီးရှုံးရတော့သည်။ သူကတစ်ပတ်အချိန်ပေးခဲ့တာကို
သားလုပ်သူက သုံးရက်ပဲစောင့်ပြီးထယ်ယောင်းကို
အပါခေါ်လာတာမို့ မကျေမနပ်ဖြစ်နေမိသည်။"အဖေပြောခဲ့တဲ့စကားကို တည်ပေးမယ်လို့
ကျွန်တော်မျှော်လင့်ပါတယ်။"ဂျောင်ဂုရဲ့ပြတ်သားနေသည့်အသံ။
သူ့ကြည့်ရတာစစ်ပွဲတစ်ပွဲကိုအနိုင်တိုက်နိုင်ခဲ့တဲ့
စစ်သူကြီးတစ်ယောက်ရဲ့ထည်ဝါခံ့ညားမှုလိုမျိုး
ကြည့်ကောင်းလို့နေသည်။
ထယ်ယောင်းလက်ကိုဆုပ်ကိုင်ထားတာများ
လွတ်ထွက်သွားမှာစိုးသည့်အလား။"အဖေတားလဲ ကျွန်တော်ဂရုမစိုက်ပါဘူး။
ကျွန်တော်တို့နှစ်ယောက်က တရားရုံးမှာ
လက်မှတ်ထိုးပြီး လက်ထပ်မှတ်ပုံပြန်တင်ပြီးသွားပြီ""ဘာ"
ရှုံးပြီးသားအရာတစ်ခုကိုမှ
နောင်တစ်ကြိမ်ထပ်ရှုံးလိုက်ရသည့်
ဂျောင်ဂုအဖေသည်ဒေါသတကြီးအသံထွက်လာသည်။
ထယ်ယောင်းရဲ့မျက်နှာထားကိုကြည့်မိတော့
မချိုမချဥ်ဖြင့်။ ထယ်ယောင်းအနေနဲ့တော့
အတ္တကြီးလွန်းတဲ့ယောက္ခထီးကိုအခုလိုပုံစံမျိုး
မြင်ရတာက သိပ်ကိုစိတ်ကျေနပ်မိသည်။အဲ့လူကြီးကိုအရင်းပြုပြီး ကမောက်ကမဖြစ်ခဲ့ရတဲ့
သူတို့ခံစားချက်တွေနဲ့ယှဥ်ရင်ဒီအဘိုးကြီး
ခံစားနေရတာက သေးသေးလေးပဲရှိပါသေးတယ်။
YOU ARE READING
𝐒𝐔𝐁𝐒𝐓𝐈𝐓𝐔𝐓𝐈𝐎𝐍
Fanfictionကိုကိုကကျွန်တော့်ကိုချစ်ပေးတယ်။ ဂရုစိုက်ပေးတယ်။ ကြင်နာပေးတယ်။ ကိုကို့ကြောင့် ကျွန်တော်ပျော်ခဲ့ရပါတယ်။ သူဟာကျွန်တော့်ကို လူတစ်ဦးတစ်ယောက်ရဲ့ နေရာမှာအစားထိုးပြီး မွေ့လျော်နေမှန်း ကျွန်တော် မသိခင်အချိန်တစ်ခုထိပေါ့။ ကိုကိုကကျွန်တော်...