'ညှောင်'
မိုးရေထဲမှာ ထီးဆောင်းထားပေမယ့် ခပ်သွက်သွက်လျှောက်နေရင်း အသံတစ်ခုကြားလို့ ခြေလှမ်းတွေကိုရပ်လိုက်သည်။
'ညှောင်'
ထပ်ကြားမိပြန်သည်။ ရပ်ပြီးထပ်နားထောင်လိုက်သည်။ ဘယ်နားကအော်နေတာပါလိမ့်...
'ညှောင်'
တတိယမြောက်အော်သံကြားပြီးနောက် သစ်ပင်ချုံနွယ်အောက်မှာအော်နေတဲ့ ကြောင်လေးတစ်ကောင်ကိုတွေ့လိုက်ရသည်။
တစ်ကိုယ်လုံးမိုးရေတွေရွှဲရွှဲစိုမနေပေမယ့် ခြေထောက်တွေကတော့ ရေအိုင်ထဲမှာ နစ်နေလို့နေသည်။
နားရွက်နှင့် အမြီးနားမှာလည်း မိုးရေတွေစိုနေ၍ ကြောင်လေးကတုန်လို့နေသည်။
ကြည့်ရတာ လ သားလေးပဲရှိဦးမည်ထင်သည်။ အဖြူနဲ့အမည်းကြားလေး..အများဆုံးရှိလှ ၂ လသားလေး...
ဟော..တစ်ကောင်တောင်မဟုတ်... နှစ်ကောင်တောင်ပါလား...
နောက်တစ်ကောင်က အဝါ အဖြူ နဲ့ အမည်းဖောက်လေး...
သူကတော့ တစ်ကိုယ်လုံးရွှဲလို့... ဒီကောင်လေးကတော့ နည်းနည်းပိုထွားသည်။
အနားမှာလည်း လမ်းသွားလမ်းလာကမရှိ။
အချိန်ကလည်း ၁၁ နာရီကျော်နေပြီပဲကိုး..မိုးကလည်းရွာနေသေး။
မိုးရေထဲမှာ 'အိမ်ခေါ်သွားပါ'လို့ ပြောနေသယောင် အော်နေတဲ့ ကြောင်လေး နှစ်ကောင်ကို ထားခဲ့ရလောက်သည့်အထိ သူ့နှလုံးသားက မမာကြောသေးပါ။
'ကဲ လာကွာ'
ကြောင်လေး နှစ်ကောင်ကို ခေါ်ဖို့ ထီးလက်ကိုင်ကို ပုခုံးနဲ့ ခေါင်းကြားညှပ်ပြီး လုံအောင်ဆောင်းလိုက်သည်။
ကြောင် ၂ ကောင်ကို ချီလိုက်ပြီးမှ တွေးမိသည်က သူ့မှာ ထည့်စရာဘာမှပါမလာခဲ့။
ဒီတိုင်းကိုင်သွားလို့ကလည်းမဖြစ်။
'ဪ ငါ့နှယ် တကယ်ပါပဲ...ကယ်တင်ရှင်ကြီးလုပ်ချင်ပါတယ်ဆိုမှ အစွမ်းပျောက်နေသလိုပဲ'
ဆိုင်တွေလည်းအကုန်ပိတ်နေပြီ။ စားသောက်ဆိုင်အနည်းငယ်သာဖွင့်ပြီး ကုန်ခြောက်ဆိုင်တွေကတော့ ပိတ်ကုန်ပြီ။
YOU ARE READING
A Vet's Pet (Hajeongwoo/RuJeongwoo)