ညစာစားမယ်လာ ဆိုလို့အခန်းထဲကနေထွက်လာပြီး လာထိုင်နေရသေးသည်။
ဟရုတိုနဲ့ ဂျောင်ဝူးတို့ နှစ်ယောက်က ဘာဖြစ်နေကြတာလဲမသိ။
အရင်ကလိုမဟုတ်တာတော့ သေချာသည်။ ဒီကောင်တွေရန်ဖြစ်ထားတာများလား?
'မင်းတို့နှစ်ယောက်ဘာဖြစ်နေကြတာလဲ'
ရဲဒမ်က ထမင်းတစ်လုပ်စားရင်းမေးလိုက်သည်။
'ဘာမှမဖြစ်ပါဘူး'
'ဘာမှမဖြစ်ပါဘူး'
ဟရုတိုနဲ့ ဂျောင်ဝူးတို့က ပြိုင်တူဖြေလိုက်ပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
'တွေ့လား ထူးဆန်းနေတယ်' ရဲဒမ်က ကြက်ခြေထောက်ကို သူတို့ဘက်ကို ထိုးပြရင်းပြောလိုက်သည်။
'ဘာမှမဖြစ်ပါဘူးကွာ .. စားမှာသာစားစမ်းပါ'
ဂျောင်ဝူးက ပြောလိုက်ပြီး ထိုင်ခုံမှာထိုင်ပြီး ထမင်းစစားလိုက်သည်။
ဟရုတိုကလည်း ဂျောင်ဝူးရဲ့ မျက်နှာချင်းဆိုင်မှာထိုင်ပြီး စားလိုက်သည်။ ရဲဒမ်ကတော့ နှစ်ယောက်သားကြားထဲမှာ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်။
ဘာစကားမှမပြောကတည်းက ဒီနှစ်ယောက် တစ်ခုခုဖြစ်နေပြီဆိုတာ လုံးဝသေချာသည်။
ညစာစားဖူးသမျှနေ့ထဲမှာ ဒီနေ့က အမြန်ဆုံးစားဖူးခြင်းဖြစ်သည်။ စကားလည်းမပြောဘဲ ပါးစပ်ထဲကိုပဲ အတင်းထိုးထည့်နေကြတာ ၅ မိနစ်လောက်ပဲကြာမည်ထင်သည်။
ရဲဒမ်က ပန်းကန်တွေကူသိမ်းပေးမယ်လုပ်တော့ ဟရုတိုရော ဂျောင်ဝူးရောက...
'ရတယ် မသိမ်းနဲ့ မင်းအလုပ်သွားလုပ်တော့' လို့ပြိုင်တူပြောလိုက်ကြပြန်သည်။
အဲ့တာနဲ့ ရဲဒမ်က ပန်းကန်ကိုပြန်ချပြီး ဆက်ထိုင်နေလိုက်သည်။ ဟရုတိုနဲ့ ဂျောင်ဝူးတို့က ဘာစကားမှမပြောဘဲ ပန်းကန်ဆေးတဲ့သူကဆေး အမှိုက်ပစ်တဲ့သူကပစ်သည်။
အကုန်လုံးသိမ်းပြီးကြနဲ့နောက် ရဲဒမ်က နှစ်ယောက်လုံးကိုခေါ်လိုက်သည်။
'လာမင်းတို့ ဒီမှာခဏလာထိုင်ဦး'
'ဟင်'
'လာထိုင်စမ်းပါ'
YOU ARE READING
A Vet's Pet (Hajeongwoo/RuJeongwoo)